မန္တလေးတွင် အဓိကရုဏ်းနှိမ်နှင်းရေး ရဲနှင့် လူအုပ် ထိပ်တိုက်တွေ့နေ

Tuesday, July 1, 2014

မန္တလေး ၂၆ လမ်းနှင့် ၈၂ လမ်းထောင့်တွင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲနှင့် ခဲများ၊ တုတ်များ ကိုင်ဆောင် ထားသော လူအုပ်တို့ ထိပ်တိုက်တွေ့နေကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသော ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။ 




လူအုပ်မှာ ၄၀၀ ခန့်ရှိပြီး ရဲများကို ခဲများဖြင့် ပစ်ပေါက်နေကြောင်း၊ လူအုပ် ပိုများလာပါက ချထားသော ရဲနှင့် လုံလောက်မည် မထင်ဟု မိမိတို့ သတင်းထောက်က ပြောသည်။ 

အဓိကရုဏ်းမှာ သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည်ဟူသော သတင်းမှ စတင်ခဲ့သည်။ 

အမှုနှင့် ပတ်သက်၍ ရဲက အတည်ပြုချက် မပေးသေးဘဲ ယင်းသတင်းပြန့်နှံ့လာအပြီး လူအုပ်ဖြင့် အပြန်အလှန် တိုက်ခိုက်မှုများကို ကာကွယ်ရန် ရဲအင်အား ၁၀၀ ခန့် ချထားခဲ့သည်။ 

 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved