ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘုတ်
ကာ/ချုပ်ရဲ့ ဖိလစ်ပိုင် ခရီးစဉ်နဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ ဓာတ်ပုံနဲ့တကွ ရေးသား ဖော်ပြထားပါတယ်။
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဇနီး ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ ခဲ့ရာ ဖိလစ်ပိုင် သမ္မတနိုင်ငံ မနီလာမြို့ Villamor Aribase လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင်တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြသည်။ (၃၀-၆-၂၀၁၄)"
ဖိလစ်ပိုင်ရောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဇူလိုင်လ ၁ ရက်နေ့မှာတော့ ဖိလစ်ပိုင် Walled City ရှေးဟောင်းမြို့သို့ သွားရောက်လေ့လာခဲ့ပါတယ်။
အဲဒီနောက် မနီလာဟိုတယ်ကို သွားရောက်ပြီး ဒုတိယကမ္ဘာ စစ်အတွင်း အမေရိကန်စစ်အခြေစိုက် စခန်းဌာနချုပ်အဖြစ် အသုံးပြုစဉ် ရုံးခန်းအဖြစ် ဖွင့်လှစ်နေထိုင်ခဲ့သော ဗိုလ်ချုပ်ကြီး မက်အာသာ၏ ရုံးခန်းနေရာဟောင်းကိုလည်း ကြည့်ရှုလေ့လာပါတယ်။
ဗိုလ်ချုပ်ကြီး မက်အာသာရဲ့ ရုံးခန်း
ဒီအပြင် မနီလာမြို့က ဖိလစ်ပိုင် အမျိုးသား ပြတိုက် ကိုလည်း သွားရောက် လည်ပတ် လေ့လာခဲ့ပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment