ဘရာဇီး ပရိသတ်ရဲ့ဒေါသအိုး ပေါက်ကွဲမှု

Wednesday, July 9, 2014

ဇူလိုင်လ ၉ ရက်နေ့က အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီ အသင်းတို့ ကစားခဲ့ကြရာမှာ ပထမပိုင်းပွဲစဉ်အချိန်မှာ ဂျာမဏီက ဘရာဇီးကို ၅ ဂိုးအပြတ်ရနေခဲ့ပါတယ်။ အိမ်ရှင် ဘရာဇီးကိုအားပေးခဲ့တာကလည်း ကွင်းလုံး 
ပြည့်နီးပါးမျှပါပဲ။ အဲဒီအချိန် ဘရာဇီးနိုင်ငံရဲ့ ကော်ပါကာဘာနာ (Copacabana) ကမ်းခြေမှာ ရောက်ရှိနေ ကြတဲ့ အိမ်ရှင် အသင်းကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ ကမ္ဘာ ပျက်သလို ခံစားခဲ့ကြရတာပါ။ 

ဓာတ်ပုံ- Mail online

ဘရာဇီး ရှုံးနှိမ့်ခဲ့တဲ့အတွက် ဘရာဇီးချစ်သူတွေဟာ ကမ်းခြေမှ ဒေါသတွေ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ခဲ့ကြပါ တယ်။ ဘရာဇီး အသင်း ရှုံးနေလို့ မကျေနပ်ကြလို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဖျက်ဆီးမှုတွေ လုပ်ခဲ့ ကြ တဲ့အကြောင်း Mail online သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဒါပေမယ့် ဘရာဇီး  ကမ်းခြေစောင့် ရဲတွေက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

အိမ်ရှင်ဘရာဇီးဟာ မျှော်မှန်းသလို့ မဖြစ်ခဲ့တာကြောင့် ဘရာဇီးအသင်းခေါင်းဆောင်ကလဲ မျက်ရက်ကျရင်း ဘရာဇီး ပရိတ်သတ်တွေကိုတောင်းပန် ခဲ့ပါတယ်။ ဒီပွဲမှာ ဘရာဇီးဟာ ဂျာမနီကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါ တယ်။

ဘရာဇီး ဘောလုံးသမိုင်းရိုင်းခဲ့ရတဲ့ အဖြစ်ကြောင့်လည်း  ဘရာဇီး အားပေးခဲ့တဲ့ ပရိတ်သတ်တွေဟာ အသည်းနာခဲ့ကြတာပါ။ ဒီနှစ် ဘရာဇီးရဲ့ ရှုံးနှိမ့်မှု ဟာ ကမ္ဘာဖလားသမိုင်းတလျှောက်မှာ စံချိန်တင် သွား ခဲ့ပါတယ်။




အိမ့်သံစဉ် ~











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved