အော်လန်ဒို ဘလွန်းမ်နဲ့ ဂျက်စတင်ဘီဘာ ဘာဖြစ်ကြလဲ

Thursday, July 31, 2014

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဗြိတိသျှ လူမျိုး အော်လန်ဒို ဘလွန်းမ်က နာမည်ကြီး ပေါ့ပ်အဆိုတော် ဂျက်စတင် ဘီဘာ ကို စားသောက်ဆိုင်တခုမှာ အင်္ဂါနေ့ညက လက်သီးနဲ့ ထိုးဖို့ လုပ်ခဲ့တယ်ဆိုတဲ့ သတင်း က ကျော်ကြာသူတွေအကြောင်း အမြဲဖော်ပြလေ့ ရှိတဲ့သတင်းဝက်ဆိုက်မှာ တက်လာပါတယ်။ 

 ဓာတ်ပုံ- ရိုက်တာ/အေအက်ဖ်ပီ

စားသောက်ဆိုင်ထဲက ဘေးကရပ်ကြည့်သူ တဦးရဲ့ ဗီဒီယိုပြကွက်တခုမှာတော့ နာမည်ကြီး ဇာတ်လမ်း တခုဖြစ်တဲ့ Pirates Of The Caribbean သရုပ်ဆောင် အော်လန်ဒို ဘလွန်းမ်က ဘီဘာဆီကို လက်သီး တလုံး ပစ်သွင်း နေတာတွေ့ရတယ်လို့ The Straits Times သတင်းတပုဒ်က ဆိုပါတယ်။ 

ဒါပေမယ့် Cipriani စားသောက်ဆိုင်မှာ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တွေကလည်း အမျိုးမျိုး 
ပြောနေကြတယ် တဲ့။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်လန်ဒိုဘလွန်းမ်ကလည်း ဆယ်ကျော်သက် လူငယ်တွေရဲ့ အသည်းစွဲ ဘီဘာကို အာရုံနောက်နေတာကြောင့် အခုလို ရန်ပွဲဖြစ်သွားတာလို့ ဆိုတယ်။ 

တချို့ကပြောတာကလည်း အသက် ၂ဝ အရွယ် ဂျက်စတင်ဘီဘာက သူနဲ့ အော်လန်ဒို ဘလွန်းမ်ရဲ့ ဇနီးဟောင်း မီရန်ဒါ ကားရ်နဲ့ အိပ်ခဲ့တယ်လို့ ဘလွန်းကို ပြောလိုက်တာကြောင့် ရန်ပွဲဖြစ်ခဲ့တာ စသဖြင့် အမျိုးမျိုး ပြောနေကြတယ်လို့ဆိုတယ်။ 

မျက်မြင်တွေ ပြောတာကတော့ စားသောက်ဆိုင်ထဲက ဘီဘာ ထွက်သွားချိန်မှာ လူအုပ်က လက်ခုပ်ဝိုင်း တီးခဲ့ကြတယ်တဲ့။ 

ဘလွန်းမ်ဟာ The Lord Of The Rings ဇာတ်ကားမှာ နာမည်ကြီးခဲ့သူလည်းဖြစ်ပြီး မနှစ်ကမှ ဇနီးသည် ကားရ်နဲ့ လမ်းခွဲခဲ့တာပါ။ ဘလွန်းမ်နဲ့ ကားရ် အိမ်ထောင်သက်က ၃ နှစ်လောက်ကြာရှိပြီး သူတို့မှာ သား တဦးထွန်းကားခဲ့တယ်တဲ့။ 

အဲဒီလို ရန်ပွဲဖြစ်ပြီးနောက်နေ့ကျတော့ ဘီဘာက ဘလွန်းမ် ငိုနေတာ ဘယ်လို ပုံပေါက်နေလဲဆိုပြီး သူ့ရဲ့ Instagram အကောင့်ကနေ ဓာတ်ပုံတပုံ တင်ခဲ့တယ်။ 



အိမ့်သံစဉ် ~ 



 









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved