ထိုင်းလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးကြမလား

Friday, July 4, 2014

 ~




အိမ်နီးချင်းထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၀ ခန့်ပါဝင်သည့် အဖွဲ့သည် ရန်ကုန်နှင့် မန္တလေး မြို့များတွင် မြန်မာလုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်ရန်  လလယ်ခန့်တွင် လာရောက်ကြမည်။

 .
   

(၂ဝ၁၂ ဒီဇင်ဘာလက ရန်ကုန်တွင် ပြုလုပ်ခဲ့သည့်  နိုင်ငံတကာ အထည်ချုပ် လုပ်ငန်း  ပြပွဲတခုမြင်ကွင်း) 
ဆွေးနွေးပွဲကို အောက်ပါ အစီအစဉ်အတိုင်း ၂ နေရာ ခွဲပြီး ပြုလုပ်မည်ဟု သိရသည်။
 

  • ရန်ကုန်မြို့ဆန်းမစ်ပါခ်ဗြူး ဟိုတယ်
  ဇူလိုင် ၁၈၊ သောကြာနေ့
နံနက် ၁၀း၃ဝ မှ ညနေ ၅း၃ဝ 

  • မန္တလေး မြို့ ဆီဒိုးနားဟိုတယ်
 ဇူလိုင် ၂၁၊ တနလာင်္နေ့
နံနက် ၁၀းဝဝ မှ ညနေ ၅းဝဝ 

ဝင်ကြေးမရှိဟု သိရသည်။

ထိုင်းကုမ္ပဏီများ၏အသေးစိတ်အချက်အလက်များ ရယူရန်၊ ချိတ်ဆက်ဆွေးနွေးမှုအတွက် စာရင်းပေးသွင်းနိုင်ရန် TTF ရန်ကုန် ကုမ္ပဏီဖုန်းနံပါတ် ၃၉၂ ၅၇၉ နှင့် ၃၉၂ ၅၈၀ သို့ ဆက်သွယ်နိုင်သည်ဟု သိရသည်။


(ဆွေးနွေးပွဲ ကြော်ငြာတွင် အများဆုံး တွေ့ရသည်မှာ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သည်)


   


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved