ဂျာမနီနဲ့ ဘရာဇီး ဆီမီးဖိုင်နယ်တွေ့ကြမယ်

Saturday, July 5, 2014

ဇူလိုင်လ ၄ ရက်နေ့ည ကစားတဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပထမဆုံးပွဲစဉ်မှာ ဂျာမနီနဲ့ ပြင်သစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂျာမနီအသင်းက ပြင်သစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားနိုင်ပါပြီ။ ပြင်သစ်အသင်းကတော့ အိမ်ပြန်ရပြီဖြစ်ပါတယ်။ 


တဖက်မှာလည်း ဘရာဇီးနဲ့ ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဘရာဇီးက ကိုလံဘီယာ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တာကြောင့် လာမယ့် ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ဘရာဇီးအသင်း တို့ တွေ့ကြပါတော့မယ်။ 

 ဂျာမနီ- ပြင်သစ် ပွဲစဉ်မှာ ဂျာမနီအသင်း နောက်ခံလူ ဟွန်မဲက ပထမပိုင်း ၁၃ မိနစ်မှာ ခေါင်းနဲ့ တိုက်ပြီး သွင်းယူလိုက်တဲ့ ဂိုးနဲ့ ဂျာမနီအသင်း အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းရဲ့ ကစားကွက်တွေ က ကောင်းတယ်ဆိုပေမယ့် မတိကျမှုတွေနဲ့ ဂျာမနီ ဂိုးသမား ကာကွယ်မှုကောင်းတာတွေ ကြောင့် ပြင်သစ်ဟာ ခြေပဂိုး မသွင်းနိုင်ပဲ ပွဲပြီးသွားခဲ့တာပါ။ 

ဘရာဇီးနဲ့ ကိုလံဘီယာပွဲစဉ်မှာ ဘရာဇီးအသင်းက ဒေးဗစ်လူးဝစ်က ဖရီးကစ်နဲ့ ၁ ဂိုးသွင်းယူခဲ့ပြီး ဆီလ်ဗာ ကလည်း တဂိုး  သွင်းခဲ့ကြတာပါ။ ဒီပွဲမှာ ဘရာဇီး တိုက်စစ်မှူး နေမာက ဒဏ်ရာ ရသွားပါတယ်။ 

ကိုလံဘီယာကတော့ ၇၈ မိနစ်မှာ Rodriguez က ခြေပဂိုး သွင်းခဲ့ပါတယ်။ ပွဲအပြီးမှာ ဘရာဇီးက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားတာကြောင့် ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ တွေ့ကြပါတော့မယ်။ 










2 comments :

  1. sangtea said... :

    Brazil 2 - Columbia 1
    You made an error in saying that Brazil heated Columbia 2:0

  1. Anonymous said... :

    ဆီမီးဖိုင်နယ်မှာတော့ဘရာဇီးရှုံးတော့မှာပါအသင်းခေါင်းဆောင်နဲ့ဂိုးသမားကအဝါကဒ်နဲ့ပွဲပယ်ပစ်ဒဏ်တိုက်စစ်မှူးနေမာကဒဏ်ရာနဲ့ကန်မရတော့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved