တဖက်မှာလည်း ဘရာဇီးနဲ့ ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဘရာဇီးက ကိုလံဘီယာ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တာကြောင့် လာမယ့် ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ဘရာဇီးအသင်း တို့ တွေ့ကြပါတော့မယ်။
ဂျာမနီ- ပြင်သစ် ပွဲစဉ်မှာ ဂျာမနီအသင်း နောက်ခံလူ ဟွန်မဲက ပထမပိုင်း ၁၃ မိနစ်မှာ ခေါင်းနဲ့ တိုက်ပြီး သွင်းယူလိုက်တဲ့ ဂိုးနဲ့ ဂျာမနီအသင်း အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းရဲ့ ကစားကွက်တွေ က ကောင်းတယ်ဆိုပေမယ့် မတိကျမှုတွေနဲ့ ဂျာမနီ ဂိုးသမား ကာကွယ်မှုကောင်းတာတွေ ကြောင့် ပြင်သစ်ဟာ ခြေပဂိုး မသွင်းနိုင်ပဲ ပွဲပြီးသွားခဲ့တာပါ။
ဘရာဇီးနဲ့ ကိုလံဘီယာပွဲစဉ်မှာ ဘရာဇီးအသင်းက ဒေးဗစ်လူးဝစ်က ဖရီးကစ်နဲ့ ၁ ဂိုးသွင်းယူခဲ့ပြီး ဆီလ်ဗာ ကလည်း တဂိုး သွင်းခဲ့ကြတာပါ။ ဒီပွဲမှာ ဘရာဇီး တိုက်စစ်မှူး နေမာက ဒဏ်ရာ ရသွားပါတယ်။
ကိုလံဘီယာကတော့ ၇၈ မိနစ်မှာ Rodriguez က ခြေပဂိုး သွင်းခဲ့ပါတယ်။ ပွဲအပြီးမှာ ဘရာဇီးက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားတာကြောင့် ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ တွေ့ကြပါတော့မယ်။
Brazil 2 - Columbia 1
You made an error in saying that Brazil heated Columbia 2:0