အလှမယ်ဂျူးစံသာကို Miss Globe Myanmar အဖြစ်ကနေ ရပ်စဲ

Friday, July 25, 2014

 ~





အလှမယ်ဂျူးစံသာကို  Miss Globe Myanmar အဖြစ်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။

  



  • (အေဂျင်စီဒါရိုက်တာ ဒေါ်လှနုထွန်းနဲ့ တွဲရိုက်ထားတဲ့ပုံတပုံကို ဂျူးစံသာရဲ့ဖေ့စ်ဘုတ်တနေရာမှာ အခုလို တွေ့ရပါတယ်)

 အဲသလို ကြေညာကြောင်း  Miss Globe Myanmar ရဲ့ National Director ဒေါ်လှနုထွန်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။

ရပ်စဲလိုက်ရခြင်းအကြောင်းရင်း သုံးလေးခု ပါဝင်တဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဂျူးစံသာက Miss Globe Myanmar သရဖူကို မတ်လတုန်းက ရန်ကုန်မှာလုပ်တဲ့ မယ်ပြိုင်ပွဲတခုမှာ ရရှိခဲ့တာဖြစ်ပါတယ်။
ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။

ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယား လိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအား ဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် 
သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊
ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ 

ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ 

သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက် အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် 
စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊

လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊

အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း
အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊
အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး
တမျိုးအကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း
ဒီနေ့ ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း
အသိပေးပြောကြားလို ပါသည်ရှင့်။ 

Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်၊
ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း
လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊

လေးစားစွာဖြင့်။
လှနုထွန်း
National Director
Miss Globe Myanmar

ဗိုလ်တထောင်စေတီရောက် အလှမယ် ဂျူးစံသာ 


ရိုက်ကွင်းထဲက ဂျူးစံသာ 


မေမြတ်နိုး၊ ဂျူးစံသာတို့ရဲ့ ဘီကီနီစတိုင် 

 

.

3 comments :

  1. MingNyo said... :

    Everything is nothing,why? We don't life by self.

  1. Anonymous said... :

    မြန်မာပြည်မှာ နိုင်ငံရေးမှာပဲရှုပ်တာမဟုတ်ပဲနဲ miss လောကမှာလည်းအရမ်းရှုပ်နေပါလား။ ရှုပ်ထွေးပွေလီသော မြန်မာနိုင်ငံပါလား။ Miss လောကမှာလည်းခဏခဏဖြုတ်လိုက်၊ ရုပ်သိမ်းလိုက်၊ မဆိုင်တော့ဘူး၊

  1. Unknown said... :

    လှနုထွန်းဆိုတဲ့ အကောင်မကဘာလဲ မသိလို့ မေးကြည့်ချင်တယ် သိရင်ပြောပြပေးပါ သူခိုင်းသလိုလုပ်ရမယ်ဆိုတော့ အာဏာရှင်စနစ်မဆန်လွန်းဘူးလား လူအခွင့်ရေး အရမ်းကိုချိုးဖောက်နေပြီ ဖုန်းမပြောရဘူးဆိုတော့ ဘာဖြစ်လို့ လဲ ဖုန်းပြောတာ လူတယောက်ရဲ့  လွတ်လပ်ခြင်း ကိုယ်ရေးကိုတာ ကိုကော့ချုပ်ကိုင်လို့ ရပါသလား သရဖူကိုရုပ်သိမ်းလိုက်တယ်ဆိုတော့ အဲ့ ဒီသရဖူက သူကိုပေးတာမှ မဟုတ်တာ လှနုထွန်းခိုင်တာအကုန်လုပ်ရမယ် ပြန်မပြောနဲ့ ကျွေးတာစားခိုင်းတာလုပ်ဆိုတော့ ဂျူးစံသာဆိုတဲ့ မိန့် ခလေးက ရောင်းကုန်ပစ္စည်းနှင့်ကျွန်စနစ်လိုမဆန်လွန်းဘူးလား လှနုထွန်းဆိုတဲ့ အမျိုးသမီးကိုတခုလောက်မေးချင်တယ် ခင်ဗျားကို လူတယောက်ကအဲ့ လိုမျိုးခိုင်ရင်ကျေနပ်စွာလက်ခံနိုင်မလားလုပ်ကော့လုပ် နိုင်မလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved