ရန်ကုန်မြို့တော်အတွက် ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြား

Tuesday, August 12, 2014


 ~




 မြို့တော်ရန်ကုန်၏သမိုင်းဝင်အဆောက်အအုံတလုံးဖြစ်သည့် မြို့တော်ခန်းမကို စနေနေ့  နံနက်ပိုင်းက အပြာရောင်ကမ္ဗည်းပြား(Blue Plaque) တပ်ဆင်လိုက်သည်။

 

  •    (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
ရန်ကုန်မြို့၏ ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြားဖြစ်သည်ဟု သိရသည်။

အပြာရောင်ကမ္ဗည်းပြားသည်ကမ္ဘာ့မြို့တော်များတွင် ထင်ရှားသည့် သမိုင်းကြောင်းရှိသည့် အဆောက်အအုံများတွင်တပ်ဆင်လေ့ရှိပြီး ရန်ကုန်မြို့၏သမိုင်းကြောင်းတွင် အရေးပါခဲ့သော  အဆောက်အအုံများ၊ လူပုဂ္ဂိုလ်များအားအထိမ်းအမှတ်ပြုရန် ရည်ရွယ်ပြီး   ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က စီစဉ်လုပ်ဆောင်ခြင်း ဖြစ်သည်။

သမိုင်းအတွက်အရေးပါသော အဆောက်အအုံများတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း  YHT  ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားခဲ့သည်။

အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး ၊ ရန်ကုန်မြို့ အနှံ့ သမိုင်းဝင်နေရာများအား လေ့လာရေး၊ အပြာရောင်ကမ္ဗည်းပြားများ ထုတ်လုပ်တပ်ဆင်ရေးတို့အတွက်  ဥရောပကုမ္ပဏီတခုဖြစ်သော Royal Philips က  ဒေါ်လာ ၇၅,၀၀၀ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

  (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved