မြစ်ဆုံစီမံကိန်းသဘောတူညီချက်ပြင်ဖို့ တရုတ်ဘက်က အသံပေး

Monday, August 11, 2014

 ~

 

ကချင်ပြည်နယ် မြစ်ဆုံဒေသ ရေအားလျှပ်စစ် စီမံကိန်း သဘောတူညီချက်ပါ အချက်အလက်တွေကို ပြန်လည် ပြင်ဆင်ဖို့ ညှိနှိုင်းနိုင်တဲ့အကြောင်း တရုတ်ဘက်က ပြောလာပါပြီ။


  • ဧရာဝတီမြစ်ဆုံ စီမံကိန်းလုပ်ငန်းခွင်။ မြစ်ဆုံဒေသစီမံကိန်းကို ရပ်ဆိုင်းထားဖို့  ဦးသိန်းစိန် သူ သမ္မတရာထူးရပြီး မကြာခင်မှာ အမိန့်ပေးခဲ့ပါတယ်  (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာပြည်တွင်း လျှပ်စစ်ဓာတ်အား အင်မတန် လိုအပ်နေတယ် ဆိုရင်လည်း ပြည်တွင်းလိုအပ်ချက်ကို အရင်ဆုံး ဖြည့်ဆည်းရေး လုပ်နိုင်ပါတယ်၊ ပြဿနာ မရှိပါဘူး လို့
   Power Construction Corp of China လို့ အမည်ရတဲ့ တရုတ်ပြည်က စွမ်းအင်ဆိုင်ရာကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Sun Hongshui က Reuters သတင်းဌာနကို ပြောပါတယ်။

မြန်မာအစိုးရက လာမယ့် အနှစ် ၂ဝ ဆိုရင် တနိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မယ်လို့ ကတိပြုထားတာပါ။ 

မြန်မာအစိုးရရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ရေးအတွက် ဆိုရင် ဒီကုမ္ပဏီက ကူညီတဲ့အနေနဲ့ သဘောတူညီထားတာတွေကို ပြန်ပြီး ညှိနှိုင်းချင်ပါတယ် တဲ့။

လျှပ်စစ်ဓာတ်အားတွေ ပိုလာရင် တရုတ်ကို ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတခုခုကို တင်ပို့နိုင်ပါလိမ့်မယ် လို့ သူက ရန်ကုန်မှာ ပြီးခဲ့ဲ့တဲ့တပတ်က ပြုလုပ်တဲ့ စွမ်းအင်ဆိုင်ရာညီလာခံတခုမှာ ပြောပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မှတ်ချက်မပေးပါဘူး။

ဒီအကြောင်း သတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာက Burma Can Renegotiate Dam Deals to Keep More Power, Says Chinese Firm ဆိုတဲ့ သတင်းမှာ ရေးထားပါတယ်။

လင့်က http://www.irrawaddy.org/business/burma-can-renegotiate-dam-deals-keep-power-says-chinese-firm.html ဖြစ်ပါတယ်။
ဆက်စပ်

  •  မြစ်ဆုံ စီမံကိန်း ဆက်မလုပ်ဖို့ ဒေသခံတွေ ထပ်မံ ကန့်ကွက်
http://burma.irrawaddy.org/news/2014/03/13/56189.html

  • အလှပျက် မြစ်ဆုံ
http://burma.irrawaddy.org/article/2013/11/08/50678.html

  • CPI ၏ မြစ်ဆုံ အစီရင်ခံစာသစ် ကချင် လူမှုအဖွဲ့ ကန့်ကွက်
http://burma.irrawaddy.org/news/2014/01/09/53184.html 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved