စာပေရေးသားမှုနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် စကားဝိုင်း

Friday, August 29, 2014

ယခု စာပေရေးသားမှုဆိုင်ရာ စကားဝိုင်းမှာ သြစတြေးလျ က ရောက်ရှိလာတဲ့ စာရေးဆရာမ Michelle Aung Thin က သူမရဲ့ ပထမဆုံးသောဝတ္ထုစာအုပ်ဖြစ်တဲ့ The Monsoon Bridge [Text 2011] ကို မိတ်ဆက်ပြောကြား သွားမှာဖြစ်သလို စာပေရေးသားမှုပိုင်းဆိုင်ရာ ဆန်းသစ်မှု အတတ်ပညာများ ကို လည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 

ဒေါက်တာ မစ်ရှယ် အောင်သင်း၊ ဓာတ်ပုံ-  textpublishing.com.au

ဒါ့အပြင် သုတစာပေနဲ့ ရသစာပေပေါင်းစပ်ရေးသားမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ၊ သြစတြေးလျ
နိုင်ငံ မှာ ထုတ်ဝေတဲ့ စာအုပ်စာပေများနဲ့ ပတ်သက်သည်များကိုလည်း စာရေးဆရာတစ်ဦးရဲ့ ရှုထောင့် ကနေ ထည့်သွင်း ဆွေးနွေးပါလိမ့်မယ်။ 

Dr. Aung Thin ဟာ Asialink အဖွဲ့အစည်းက မြန်မာနိုင်ငံကို ပထမဆုံး စတင်စေလွှတ်တဲ့ သုတေသီ တစ်ဦးဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံမှာ သူမရဲ့ ဒုတိမြောက်စာအုပ်အတွက် သုတေသနပြုဖို့ ရောက်ရှိ လာတာလည်းဖြစ်ပါတယ်။ 

သူမ ပထမဆုံး ထုတ်ဝေခဲ့တဲ့ The Monsoon Bridge ဟာဆိုရင် ထုတ်ဝေမှုမရှိသေးတဲ့ လက်ရေးစာမူများ ဆိုင်ရာ Victorian Premier’s Literary Award မှာ စာရင်းဝင်ခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ 

သူမအနေနဲ့ သြစတေးလျနဲ့ နိုင်ငံတကာ ဂျာနယ်များမှာ ဝတ္ထုတိုများ၊ ဆောင်းပါးများ နဲ့ ပညာရပ်ပိုင်း ဆိုင်ရာ စာပေများကို ရေးသားခဲ့ပြီး လက်ရှိ သြစတေးလျ နိုင်ငံ မဲ(လ်)ဘုန်းမြို့မှာ တည်ရှိတဲ့ RMIT University မှာ စာပေပညာရပ်ပိုင်းဆိုင်ရာများကို သင်ကြားပို့ချလျှက်ရှိပါတယ်။ 

The University of Melbourne မှ ဘွဲ့ရရှိခဲ့ပြီး သူမရဲ့ PhD ဘွဲ့ကိုတော့ The University of Adelaide မှာ ရယူခဲ့တာဖြစ်ပါတယ်။ 

Dr. Aung Thin ဟာ Asialink အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တစ်ဖြစ်လည်း မြန်မာနိုင်ငံ ကို ရောက်ရှိ လာတာဖြစ်ပြီး သူမရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွက်ကိုတော့ Arts Victoria က ပံ့ပိုးပေးတာဖြစ်ပါတယ်။ 


 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved