ဘော်စတွန်မာရသွန်ဗုံးထိသူ သူ့ရဲ့သူနာပြုနဲ့ လက်ထပ်

Friday, August 29, 2014


 ~

 
၂၀၁၃ ဘော်စတွန်မာရသွန်ဗုံးကွဲမှုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့သူက သူ့ကိုပြုစုပေးတဲ့ သူနာပြုနဲ့ မကြာသေးခင်က လက်ထပ်လိုက်ပါပြီ။

 

  • (ဓာတ်ပုံများ - Prudente Photography)


James Costello ဆိုတဲ့ ဒီအမျိုးသားဟာ ဗုံးကွဲမှုကြောင့် ဒဏ်ရာအများအပြား ရခဲ့ပြီး ခွဲစိတ်ကုသမှုအကြိမ်ကြိမ်ရယူခဲ့ရသူပါ။

မာရသွန်မှာတုန်းက သူက သူ့သူငယ်ချင်း အပြေးသမားတယောက်ကို သွားရောက် အားပေးခဲ့သူပါ။
ဗုံးကွဲတော့ သူ ဒဏ်ရာ အကြီးအကျယ် ရပါတယ်။

အဲဒီလို ဒဏ်ရာရသွားတာကလည်း တမျိုးကောင်းတယ်လို့ သူက ဆိုတယ်။
သူ ဒီအဖြစ်နဲ့မကြုံရဘူး ဆိုရင် သူ့ဖူးစာဖက်နဲ့ ဆုံရကိန်းမရှိနိုင်ဘူးလို့ သူက ပြောပါတယ်။

မာရသွန်ပြိုင်ပွဲမှာ အိမ်လုပ်ဗုံး ၂ လုံး ကွဲမှုကြောင့်

၃ ဦး သေဆုံးပြီး ၂၆၀ ထက် မနည်း ဒဏ်ရာ ရပါတယ်။
ဗုံးခွဲတယ်လို့ ယူဆရသူကတော့ နောက် ၅  ရက်အကြာမှာ ရဲတွေနဲ့ ပစ်ကြခတ်ကြပြီး သေဆုံးပါတယ်။
သူ့အစ်ကိုကတော့ တရားရင်ဆိုင်နေရပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် တရားရုံးက သူ့ကို သေဒဏ် ချမှတ်ဖွယ်ရှိကြောင်း နိုင်ငံတကာ သတင်းတွေမှာ ဆိုထားပါတယ်။

ဗုံးကွဲမှုမှာ ဒဏ်ရာရသွားသူကတော့ သူ့ကြင်ဖော်သူနာပြုဆရာမနဲ့ ဟာဝိုင်ယီကျွန်းကို ဟန်းနီးမွန်းထွက်နေပြီလို့ သိရပါတယ်။
 





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved