မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကို စစ်ဆေးနေပြီ

Tuesday, August 5, 2014

 ~





အမှတ်(၁)အခြေခံပညာ ဦးစီးဌာနဆီက သတင်းတို ၂ ပုဒ် ရောက်လာပါတယ်။
သူတို့ဆီမှာ ဖြေရှင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်နှစ်ခုအကြောင်း လိုတိုရှင်း ရေးထားတာပါ။



မော်လမြိုင်ဘက်က ကျောင်းအုပ်ဆရာမကြီးက အစည်းအဝေးခန်း ခုံတလုံးပဲထားပြီး သူပဲ ထိုင်၊ တခြား ဆရာ ဆရာမ သူ့ထက်ကြီးတဲ့သူရော ငယ်တဲ့သူရော အားလုံးက ကြမ်းပြင်ပေါ်ထိုင်ကြရတယ်ဆိုတဲ့အကြောင်းက ဓာတ်ပုံတချို့နဲ့တကွ  အွန်လိုင်းမီဒီယာထဲ ရောက်နေတာ ရက်အနည်းငယ် ရှိပါပြီ။ အထက်ကပုံမှာတော့ သူအုပ်ချုပ်တဲ့ကျောင်းမှာဖြစ်ပျက်နေပုံတွေထဲက တခုပါ။
သူ့အပြုအမူ အပြောအဆိုတွေနဲ့ ပတ်သက်ပြီး အထက်အာဏာပိုင်က "
စစ်ဆေးလျက်ရှိ"ပါတယ် တဲ့။
ပညာရေးဌာနကလည်း သူတို့ လုပ်သင့်တာ လုပ်နေကြောင်း မီဒီယာကို အသိပေးလာပါပြီ။
အသိပေးချက်သတင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

နောက်တပုဒ်ကတော့ ဟင်္သာတဘက်က အခြေအနေနဲ့ ဆက်စပ်ပါတယ်။ အဲဒီအကြောင်းလည်း ဒီဘလော့မှာ ရေးခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2014/08/blog-post_2.html မှာ ဖတ်နိုင်ပါတယ်။ ဟင်္သာတမှာ ကျောင်းသားမိဘတွေ ဆန္ဒပြမယ်  ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

  ပညာရေးဌာနက သူတို့ရဲ့ ဆောင်ရွက်ချက်တွေအကြောင်း သတင်း ပေးပို့လာတယ် ဆိုတော့ မီဒီယာကို အသုံးချတတ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။
 

သတင်း(၁)   

`` ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သုံးခွကျေးရွာဒေသခံများက ပညာရေးဝန်ထမ်းများကို ဆန္ဒဖော်ထုတ်ရန်စီစဉ် ´´ ခေါင်းစဉ်ပါကိစ္စနှင့် အမှတ်(၁) အခြေခံပညာဦးစီးဌာန၊
တာဝန်ခံညွှန်ကြားရေးမှူးချုပ်၏ ဆောင်ရွက်ပေးမှု

    Daily Eleven သတင်းစာတွင် `` ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သုံးခွကျေးရွာဒေသခံများက ပညာရေးဝန်ထမ်းများကို ဆန္ဒဖော်ထုတ်ရန်စီစဉ် ´´ ခေါင်းစဉ်ပါကိစ္စနှင့်ပတ်သက်၍
အမှတ်(၁)အခြေခံပညာဦးစီးဌာန၊ တာဝန်ခံညွှန်ကြား ရေးမှူးချုပ်သည် ဟင်္သာတမြို့နယ်ပညာရေးမှူးရုံးတွင် (၃-၈-၂၀၁၄) ရက်နေ့က ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အဆိုပါကိစ္စအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးရန်၊
 ခန့်ထားပြီးသည့် ကျောင်းအုပ်အသစ် ဦးရဲထွန်းမောင်ကို (၄-၈-၂၀၁၄) ရက်နေ့တွင် အလုပ်ဝင်ရန်၊
ကျောင်းမှာဆရာ လစ်လပ်မရှိသည့်အတွက် ကျောင်းသားအင်အားတိုးလာလျှင် နေ့စား လပေးဆရာ(၁)ဦးထပ်မံ ခန့်ထားရန် စီမံပေးခဲ့ပြီး
ကျေးရွာလမ်းပေါက်လျှင် ကျောင်းဆောင်အား အပြီးသတ် ဆောင်ရွက်ပေးဖို့  စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

သတင်း(၂)   

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအမူ၊ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှတ်(၁)အခြေခံပညာ ဦးစီးဌာန၏ ဆောင်ရွက်မှု

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအမူ၊ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved