စာပေသမားတွေကိုထောက်ပံ့တဲ့ မန္တလေးက ဖောင်ဒေးရှင်း

Friday, August 29, 2014


 ~

 

မန္တလေးမြို့ခံ စာရေးဆရာ ၅ ဦးအတွက် ဒေါ်ခင်ပွား ဖောင်ဒေးရှင်းက အလှူငွေထောက်ပံ့ပေးအပ်တဲ့ အစီအစဉ်များအဖြစ် စာရေးဆရာ ညီပုလေးနဲ့ ရွှေနောင်ရိုး (မန္တလေး) တို့က ဒေါ်ခင်ပွားမိသားစုကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။



  • မန္တလေး ရှေးမြို့ရိုးနဲ့ကျုံး (ဓာတ်ပုံ - တေဇလှိုင်/ဧရာဝတီ)


ဒီအစီအစဉ် အတွက် နာမကျန်းစာရေးဆရာတဦးကို ထောက်ပံ့ငွေ ၆၀,၀၀၀ ကျပ် သတ်မှတ်ပေးခဲ့ပြီး 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က စာရေးဆရာ ၅ ဦးစလုံးရဲ့ အိမ်အသီးသီးသို့ သွားရောက်လှူဒါန်းပေခဲ့ကြတာလို့ စာရေးဆရာ ရွှေနောင်ရိုး (မန္တလေး)က ပြောပါတယ်။

သွားရောက်လှူဒါန်းပေးခဲ့တဲ့ စာရေးဆရာတွေက ပိုင်စိုးဝေ၊ မောင်သာပို၊ မမြင့်မွန် (ရူပ)၊ ငြိမ်းသစ်နဲ့ ကိုညိုလုံး တို့ဖြစ်ကြပြီး ဒီစာရေးဆရာတွေထဲက ဆရာ ငြိမ်းသစ်အတွက်ကိုတော့ အခြားစာရေးဆရာတဦးမှတဆင့် လက်ဆင့်ကမ်းလှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။

စာပေမြတ်နိုးသူ အငြိမ်းစားသူနာပြုဆရာမကြီးတဦးဖြစ်တဲ့ ဒေါ်ခင်ပွားက သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စာပေအနုပညာရှင်အသိုင်းအ၀ိုင်းအတွက် ကူညီလိုတဲ့ ဆန္ဒရှိတဲ့အတွက် သူ မကွယ်လွန်မီ မှာကြားခဲ့တဲ့ အတိုင်း ကျန်ရစ်သူ မိသားစုတို့က ဖောင်ဒေးရှင်းတခု ထူထောင်ခဲ့ပြီး နာမကျန်းစာပေအနုပညာလောကသားတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

သူနာပြုဆရာမကြီး ဒေါ်ခင်ပွားက ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

နန္ဒ

အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved