မျှော်လင့်ခြင်း ဓမ္မစေတီ

Thursday, August 28, 2014


 ~



မြန်မာပြည်မှာ အကြီးမားဆုံးအရာဟာ မျှော်လင့်ချက် ဖြစ်ပါလိမ့်မယ်။ မကြာသေးခင်လများအတွင်း
၁,၅ဝဝ တန် ဖုန်းကတ်ကို ကံစမ်းမဲဖောက်ပြီး ဖြန့်တာကြောင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မျှော်လင့်ချက် ကြီးခဲ့ကြပါတယ်။


အခုလည်း မျှော်လင့်ချက်ကြီးသူ အများအပြားရဲ့ မျှော်လင့်ချက်ကတော့ ရန်ကုန်မြို့ မြစ်အတွင်း တနေရာရာမှာရှိမယ်ဆိုတဲ့ ခေါင်းလောင်းကြီးကို ရှာဖွေတူးဖော်ဆယ်ယူရေးအဖွဲ့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေပေါ်ဆွဲတင်နေပြီလား ဆိုတဲ့ မျှော်လင့်ခြင်း ဖြစ်ပါလိမ့်မယ်။

မျှော်လင့်ချက်ကြီးတာ အပြစ် မဟုတ်ပါ။
မျှော်လင့်ချက်ကြီးအောင် လုပ်ကြသူတွေကတော့   တရားစွဲခံရကိန်းဆိုက်နိုင်ပါသေးတယ်။

ခေါင်းလောင်းရှာဖွေဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီခေါင်းလောင်းကို နဂါးတွေ သိမ်းပိုက်ထားတဲ့သဘော  ဇူလိုင် ၂၅ ရက်နေ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ခေါင်းလောင်းက ရေ ထဲ မှာဆိုတော့ နဂါး အကူအညီနဲ့ တူးမှာ။
 နဂါး အကူအညီ မပါဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။
နဂါးနဲ့ အပြိုင် ဆွဲရမှာ။ နဂါးကလည်း ပြန်ဆွဲမှာ။ လောကီ အသိဉာဏ်နဲ့ လုပ်လို့မရဘူး။
 ကျနော်တို့ လောကီပညာနဲ့ လုပ်နေရင် ဒီခေါင်းလောင်းကြီး ပေါ်လာစရာအကြောင်း မရှိတော့ဘူး”
လို့ ပြောဆိုကြောင်း http://burma.irrawaddy.org/news/2014/07/26/62397.html မှာ တွေ့ရပါတယ်။

နဂါးတို့အကြောင်း ပါဝင်လာတဲ့အတွက် ပဟေဠိခေါင်းလောင်းအပေါ် မျှော်လင့်ချက်က ကြီးသည်ထက် ကြီးသွားတဲ့အပိုင်းလည်း တချို့မှာ ရှိပါမယ်။

နဂါးရဲ့တန်ခိုး၊ နဂါးရဲ့ စောင့်ရှောက်မှု၊ နဂါးရဲ့ ကူညီမှု ဆိုတဲ့ ပြောဆိုချက်တို့ဟာ မီဒီယာကျေးဇူးနဲ့ အများတကာဆီ ရောက်နေပါပြီ။

နဂါးရဲ့တန်ခိုးထွားမှုဟာ မြန်မာပြည်က ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေပါသလား။

ဂီတနဲ့ ဟာသ ရသကို မကြာခဏ ရောသမမွှေတတ်တဲ့သူတွေကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ထုတ်လုပ်ထားပါတယ်။

အင်တာနက်မြန်ရင် ဒီသီချင်းကို ခံစားနိုင်ပါတယ်။

အင်တာနှေးဒေသ နေထိုင်သူများအတွက် သီချင်းထဲမှာ ဖွဲ့ဆိုထားတဲ့အကြောင်း ဖောက်သည်ချရရင်...

ထူးအိမ်သင်အမှတ်တရ စင်တင်ဖျော်ဖြေပွဲကြီးမှာ အဆိုတော်တချို့ တလွဲ ဆိုသွားတာတွေဟာ နဂါးမင်း ဝင်နှောက်ယှက်တာကြောင့်ဖြစ်နိုင်တယ်၊
မြန်မာဘောလုံးအသင်း ဖလားရတာလည်း ခေါင်းလောင်းရဲ့တန်ခိုးကြောင့်ဖြစ်မယ်
စသဖြင့် စသဖြင့်  ရေးထားတာ ဖြစ်ပါတယ်။
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved