မိုးကာလရဲ့ရာသီစာ ထီးနဲ့ဖိနပ်

Wednesday, August 6, 2014

 ~


 
 ရန်ကုန်မှာ နေ့စဉ်ရက်ဆက် ရွာနေတဲ့ မိုးတွေက မစဲတမ်းပါပဲ။ နေ့တိုင်း မိုးတွေ သဲသဲမဲမဲရွာလိုက်၊ ဖွဲဖွဲလေး ရွာလိုက်နဲ့ နေသာတဲ့နေ့ဆိုတာ မတွေ့ရသလောက်ပါ။
ညို့ညို့မှိုင်းမှိုင်းနဲ့ အုံ့ဆိုင်းဆိုင်း ရာသီဥတုကြောင့် အပြင်ထွက် အလုပ်သွား၊ ကျောင်းသွားရမှာ ပျင်းနေပေမယ့်လည်း နိစ္စဓူဝ အလုပ်တာဝန်တွေကိုတော့ မလစ်ဟင်းရအောင် လုပ်ဆောင်ရမှာ မဟုတ်ပါလား။ ဒီလို ရှောင်လွဲလို့မရတဲ့ မိုးရာသီမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့အရာကတော့ ထီးပါပဲ။

“ရေဘူးနဲ့ ဖိနပ်မပါ နွေအခါမှာသိ” ဆိုရင် “ထီးနဲ့ ဖိနပ်မပါ မိုးအခါမှာသိ” လို့ ဆိုချင်ပါတယ်။ မိုးတွင်းမှာ ထီးနဲ့ ဖိနပ်က အရေးပါ အသုံးဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေပါ။ မိုးမစိုဖို့ ထီး
ကောင်းကောင်းတလက်ရှိဖို့ လိုအပ်သလို မိုးတွင်းစီး ဖိနပ်ကောင်းကောင်း ရှိဖို့လည်း လိုအပ်ပါတယ်။

ဒီရာသီက လူတိုင်းကွေးနေကြတဲ့ တုပ်ကွေးရာသီလည်း ဖြစ်တာကြောင့် တော်တန်ရုံ အပြင်ထွက်တဲ့အခါ မိုးမမိအောင်၊ မိုးမစိုအောင်နဲ့ မိုးစိုရင်လည်း ခေါင်း၊ ခြေထောက် အစရှိတာတွေနဲ့ တကိုယ်လုံးမစိုရွှဲရအောင် သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်။

မိုးတွင်းစီးဖိနပ်တွေရဲ့ ဈေးနှုန်းက ကျပ် ၃ထောင် ဝန်းကျင်လောက်ကစလို့ လေး ငါး ခြောက်ထောင်ကျော် ဈေးနှုန်းရှိပြီး ဒီလို မိုးရာသီမှာတော့ မိုးစီးရာဘာဖိနပ်၊ ဖော့ဖိနပ်တွေက ဈေးကြီးကြီး ဖိနပ်အကောင်းစားတွေ၊ Boots တွေ၊ Shoes တွေ ထက်စာရင် ဝတ်ရတာ သက်သောင့်သက်သာရှိပြီး ရေအမြန်ခြောက်တာကြောင့် ခြေထောက်နဲ့ အရေပြား ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။

Boots တွေ၊ Shoes တွေက ဒီရာသီမှာ ဝတ်ပြီး အပြင်ထွက်သွားလာရတဲ့သူတွေအတွက် သိပ်အဆင်မပြေလှပါဘူး။ တနေကုန်မိုးမိလို့ ရေစိုထားတဲ့ဖိနပ်နဲ့ အတွင်းမှာဝတ်တဲ့ခြေအိတ်ကြောင့် ခြေထောက်ကနေ အနံ့ဆိုး တွေလည်း ထွက်နိုင်သလို ခြေထောက်မှာ မှို၊ သဲဝဲ အစရှိတဲ့ မှိုနဲ့ပတ်သတ်တဲ့ အရေပြားရောဂါတွေလည်း ဖြစ်ပွားနိုင်ချေရှိတာမို့ပါ။

ဒီရာသီအတွက်ကတော့ ထီးက မရှိမဖြစ် Essential ပစ္စည်းတခုဆိုတာ အထွေထူးပြောဖို့မလိုပါဘူး။ ဘယ်သွားသွား ထီးဆောင်လေ့ရှိတဲ့ အကျင့်က ရန်ကုန်မြို့မှာတော့ နေ့စဉ် အလုပ်သွား၊ လှုပ်ရှားရုန်းကန် နေသူတွေအတွက်  မြို့ပြယဉ်ကျေးမှုတခုလိုတောင် ဖြစ်နေပါပြီ။

ကဲ မိုးတွေကလည်း နေ့တိုင်း အဆက်အပြတ် ရွာနေဆဲပဲ ဆိုတော့ မိုးတွင်းစီးဖိနပ် ကောင်းကောင်း တရံနဲ့ ဒီဇိုင်းလှလှ ထီးကောင်းကောင်းတလက်ကို အမြန်ဆုံး ဝယ်ထားရအောင်လား။

ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးဝတ် မိုးတွင်းစီး ဖိနပ်တွေနဲ့ ထီးတွေကိုတော့ အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 119 Fashion Complex မှာ သွားရောက် ရိုက်ယူထားပါတယ်။

သီဟတိုး



ကျပ် ၃,၉ဝဝ 
ကျပ် ၅,၆ဝဝ 
ကျပ် ၄,၅ဝဝ 
ကျပ် ၃,၇ဝဝ 
ကျပ် ၂,၃ဝဝ 
ကျပ် ၈,၅ဝဝ 
ကျပ် ၁၁,ဝဝဝ 
ကျပ် ၅,၅ဝဝ 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved