မေမြတ်နိုးရဲ့သတင်းစာရှင်းလင်းပွဲ - အင်္ဂါနေ့

Saturday, August 30, 2014


 ~




Miss Asia Pacific World 2014 ပြိုင်ပွဲကော်မတီက သရဖူရုပ်သိမ်းကြောင်း ကြေညာခံရတဲ့ အလှမယ် မေမြတ်နိုးက အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

"အမှန်တကယ်အဖြစ်အပျက်များ"ကို အများပြည်သူ ပရိသတ်ကြီး သိရှိနိုင်ဖို့  မီဒီယာကတဆင့် အသိပေးမယ်၊ ရှင်းလင်းပွဲကို အင်္ဂါမနက် ၁ဝး၃ဝ ရန်ကုန်မြို့၊
ဦးဝိစာရလမ်း၊  The House of Memories စားသောက်ဆိုင်မှာ ပြုလုပ်မယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ကြေညာပါတယ်။

မီဒီယာတွေကိုလည်း ဖိတ်စာ သီးသန့် ပေးပို့မယ်လို့ ဆိုတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တခုကတော့ ဒီကြေညာချက်ကို ဇွန်သံစဉ်၊ ရှားထွဋ်အိန္ဒြာ၊ ဂျူးစံသာ အစရှိသော ခေတ်ပြိုင်အလှမယ်များကလည်း Like လုပ်ထားကြခြင်းပါပဲ။

ဒီအလှမယ်တွေရော ဒီပွဲ တက်ကြမှာလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

နိုင်ငံတကာသတင်းဌာနကြီးတွေလည်း သရဖူ ရုပ်သိမ်းတဲ့သတင်းကို ဖော်ပြခဲ့ကြပါတယ်။ ကိုရီးယားဘက်ကိုအင်တာဗျူးပြီး ရေးခဲ့ကြတာပါ။ ကာယကံရှင်အလှမယ်ကိုတော့ သူတို့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြတယ်လို့တော့ ရေးကြပါတယ်။ သို့သော်လည်း အဆက်အသွယ် မရခဲ့ပါဘူး တဲ့။

အခု ... အလှမယ်က ရှင်းလင်းပွဲလုပ်ဖို့ ပြင်နေပါပြီ။
နိုင်ငံတကာသတင်းတွေမှာ သူ့ရဲ့ ရှင်းလင်းချက် အကြောင်း အင်္ဂါညနေပိုင်း တက်လာနိုင်ချေ ရှိပါတယ်။

 


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved