မော်ဒယ် သရုပ်ဆောင် အေးချမ်းမြတ်မိုးရဲ့ ဈာပန မြင်ကွင်း

Saturday, August 30, 2014

 

မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး  ဈာပနကို တနင်္ဂနွေနေ့က  ရန်ကုန်မြို့  ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ 



 ဓာတ်ပုံများ - ဂျေပိုင်/ ဧရာဝတီ


သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲ ခန့်မှာ မော်ဒယ်လ် အေးချမ်းမြတ်မိုးက ဦးဝိစာရ အိမ်ရာမှာရှိတဲ့ သူမနေထိုင်ရာ တိုက်ခန်း တတိယထပ်ကို တဦးတည်း ပြန်လာစဉ် အေးချမ်းမြတ်မိုးကို တဖက်သတ် ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက ဒုတိယထပ်လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လည်ပင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံ အံ့ဖြိုးပိုင်ကိုတော့ ဦးဝီစာရ အိမ်ရာဝန်းထဲမှာ နေထိုင် သူတွေက ၀ိုင်းဖမ်းဆီးပြီး ရဲစခန်းအပ်နှံလိုက်ပြီး ဒဂုံမြို့မ ရဲစခန်းမှာ ပ/၁၈၄/၁၄/ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲစခန်းမှူးကလည်း ပြောထားပါတယ်။ 

မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး ဓားထိုးအသတ်ခံရတဲ့ သတင်းကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 





အိမ့်သံစဉ် ~ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved