ရက်ပ်ဂီတစစ်မြေပြင်မှာ အမေရိကန်နဲ့ တရုတ် ဘယ်သူနိုင်လဲ

Sunday, August 31, 2014

.


ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ရက်ပ်ဂီတနဲ့ စစ်ခင်းတဲ့ ယူကျူ ဗွီဒီယို ဖြစ်ပါတယ်။ စာသားတွေက အလွန်ပဲ နိုင်ငံရေးဆန်ပြီး သရော်မှုတွေလည်း ပါဝင်ပါတယ်။ 





တချိန်က ရန်ကုန် လူငယ်လောကမှာ နိုင်ငံရေးတွေ မပါကြေးလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ လူငယ်တွေကလည်း ရက်ပ်ဂီတနဲ့ နိုင်ငံရေးကို သရုပ်ဖော်ခဲ့ကြပါတယ်။

ဒီယူကျူရုပ်သံက ရက်ပ်စာသား တွေက တကယ့် နိုင်ငံရေးတွေပါပဲ.....


အမေရိကန်ပြည်ထောင်စုဆိုတာလည်း ကမ္ဘာ့ဆူပါ ပါဝါနိုင်ငံကြီးဖြစ်ပြီး ၂၁ ရာစုမှာ တရုတ်နိုင်ငံကလည်း အမေရိကန်ကို ပုခုံးချင်း ယှဉ်လာနေတာ စီးပွားရေး၊ နည်းပညာ စတဲ့ ကိစ္စတွေမှာလည်း အထင်အရှား
ဖြစ်ပါတယ်။ 

အင်တာနက်မြန်နှုန်းကောင်းလို့ ကြည့်ဖြစ်ရင် အခု ယူကျူပေါ်က အမေရိကန်နဲ့ တရုတ်တို့ရဲ့ ရက်ပ် ဂီတ စစ်ပွဲမှာ ဘယ်သူ နိုင်ခဲ့သလဲ ဆိုတာ  ထင်ကြေးပေးနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ကြည့်ရမယ့် နေရာက https://www.youtube.com/watch?v=WvqjCs5llX8 မှာ ဖြစ်ပါတယ်။

ဆဲဆိုတဲ့ စကားလုံးတွေ အများအပြား ပါဝင်ပါတယ်။ ပြီးတော့
လူမျိုးရေးခွဲခြားမှုအနည်းငယ်ဆန်တဲ့ စကားလုံးတွေလည်း ပါပေမယ့် ဒါက လူပြက်တွေ ပြက်လုံးထုတ်တဲ့သဘော၊ ဟဒယရွှင်ဆေး တိုက်ကျွေးတဲ့သဘောလို့ ဆိုရပါမယ်။ 

တရုတ်အမျိုးသားအဖြစ် သရုပ်ဆောင်သူက တရုတ်သံနဲ့ ရက်ပ်သီချင်းဆိုပြသွားပါတယ်။

အမေရိကန်က 
ရက်ပ်သီချင်းဆိုတာ ရယ်စရာ ကောင်းချင်မှ ကောင်းမယ်။ သို့သော်လည်း သီချင်းစာသားကတော့ ဟာသရသ ပါပါတယ်။

ငါတို့က တကယ့် လူသားတွေ၊ မင်းတို့ကတော့ အရေအတွက်ပဲ ရှိတာပါ လို့ အမေရိကန်ငနဲက နိဒါန်းပိုင်းမှာ နှက်လိုက်ပါတယ်။

သူ့ပြိုင်ဘက်ရဲ့ သီချင်းဆိုသံကတော့ တရုတ်သံအပြည့် ပါဝင်တာကြောင့် ... ဒီအသံကလည်း သောတရှင် အများအပြားကို ဟဒယဖြစ်စေပါလိမ့်မယ်။
သူ့စာသား တပိုင်းတစကို ပြောပြရရင် ... တရုတ်တန်းဆိုတာ ကမ္ဘာ့အနှံ့မှာ ရှိနေတယ်၊မင်းတို့ ဗီယက်နမ်ကို ရှုံးခဲ့တယ်၊
ငါတို့က Facebook ကို ပိတ်တယ်၊ You Tube ကို ပိတ်တယ်၊ ငါတို့ အားလုံးကို ပိတ်တယ် လို့ တရုတ်က ဆိုတယ်။

အမေရိကန်ကလည်း အားကျမခံ ... ငါတို့က ဗုံးကြဲမယ် အရပ်သားတွေကို သတ်မယ်လို့ ပြန်ဆိုတယ်။

သီချင်းကို တရုတ်သံနဲ့ အဆုံးသတ်ပါတယ်။

သိပ်မကြာခင် တကမ္ဘာလုံး Made in China ဖြစ်တော့မယ် တဲ့။

စဉ်းစားစရာလည်း ကောင်း၊ ရယ်စရာလည်းကောင်းတဲ့ သီချင်းတပုဒ်ပါလို့ ဆိုနိုင်ပါတယ်။

https://www.youtube.com/watch?v=WvqjCs5llX8 မှာ ကြည့်နိုင်ပါတယ်။
 

  •  အိမ့်သံစဉ် ~ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved