“ပျော်ရွှင်မှုက အရေးကြီးဆုံးပါ”

Tuesday, August 5, 2014

 ~



 
 
ဖူးငုံ၊
၁၉ နှစ်၊
Business Management (စီးပွားရေး စီမံခန့်ခွဲမှုမေဂျာ) ပထမနှစ်၊
ဗိုလ်တထောင် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၊ ရန်ကုန်မြို့။

ညီမ အနာဂတ်အိပ်မက်စိတ်ကူးကတော့ အောင်မြင်တဲ့ မော်ဒယ်လ်တယောက် ဖြစ်ချင်ပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် စီးပွားရေးလုပ်ငန်းတခုလုပ်ပြီး အောင်မြင်တဲ့ Business Woman တယောက် ဖြစ်ချင်ပါတယ်။

 အခုလက်ရှိတက်နေတဲ့ Business Management မှာ BBA (Bachelor of Business Administration) ဘွဲ့ရပြီးသွားရင် အလုပ်အတွေ့အကြုံ ရအောင် အလုပ်အရင်လုပ်မယ်။ ပြီးမှ အလုပ်အတွေ့အကြုံ ရှိလာရင် ညီမ MBA (Master of Business Administration) ဆက်တက်ဖို့ အစီအစဉ် ရှိပါတယ်။

ဝါသနာကတော့ ဓာတ်ပုံရိုက်ရတာ အရမ်း
ဝါသနာ ပါတယ်။
 ပြီးတော့ ဖက်ရှင်ကို စိတ်ဝင်စားတယ်၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး လုပ်ရတဲ့အရာတွေအကုန် ညီမ ဝါသနာပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ ညီမက အပြင်သွားတဲ့အခါ Cute & Free Style ဝတ်ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါကျရင်တော့ အထာကျတဲ့ ပုံစံလေးတွေ၊ ကိုးရီးယားဖက်ရှင်လေးတွေ ဝတ်ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ  Sexy post ရိုက်ရတာတော့ မကြိုက်ဘူး။ Sweet  ဖြစ်တဲ့ ပုံစံလေးတွေ ကြိုက်တယ်။ ပြီးတော့ အထာကျတဲ့ပုံစံမျိုး၊ ဂေါ်တဲ့ပုံစံမျိုးတွေ ရိုက်ရတာ ကြိုက်တယ်။

 


ညီမက အခုကျောင်းတက်နေရတဲ့အတွက် Modelling ဘက်မှာ နည်းနည်း အားနည်းနေသေးတယ်။ ဓာတ်ပုံရိုက်ရှိတဲ့အခါ ကိုယ်အားတဲ့အချိန်ပဲ ထွက်ရိုက်ဖြစ်တယ်။ ကျောင်းမှာ Exam တွေနဲ့ တိုက်နေတဲ့အခါဆိုရင် ညီမ Cancel လုပ်လိုက်ရတာတွေရှိတယ်။ ကျောင်းပြီးလို့ရှိရင် ဒီ Modelling ဘက်ကို တစိုက်မတ်မတ် လုပ်သွားဖို့ အစီစဉ်ရှိပါတယ်။ စာလည်း လုပ်ရင်းပေါ့။

Music ကတော့ ညီမ အကုန်လုံး နားထောင်ဖြစ်တယ်။ အဓိကကတော့ အခုနောက်ပိုင်း Hip Hop ကို ပိုနားထောင်ဖြစ်တယ်။ Hip Hop ကို ပိုကြိုက်တယ်။ အဆိုတော်တွေထဲမှာ Eminem ကို ကြိုက်တယ်။ Rihanna ကို အရမ်းကြိုက်တယ်။ မြန်မာအဆိုတော်တွေထဲမှာဆိုရင် စိုင်းစိုင်းခမ်းလှိုင် ကို ကြိုက်တယ်။ သူ့ကို အရမ်းအားကျတယ်။

အားတဲ့အချိန်တွေဆို သူငယ်ချင်းတွေနဲ့ Shopping ထွက်ဖြစ်တယ်။ ပြီးရင် BC (British Council) မှာ Library သွားပြီး စာအုပ်တွေဖတ်ဖြစ်တယ်။ Library မှာ ညီမ အများဆုံးဖတ်ဖြစ်တာတော့ အင်္ဂလိပ်ဝတ္ထုတိုလေးတွေပေါ့။ တခြားဖတ်ဖြစ်တာတော့ စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေ အများဆုံး ဖတ်ဖြစ်တယ်။

ညီမက BC မှာ အင်္ဂလိပ်စာကို Self-study လုပ်နေတာပါ။ Listening အရမ်းအားနည်းနေလို့ Listening အပိုင်းကို BC မှာ သွားပြီး Study လုပ်နေတာပါ။ တခြား Language တွေတော့ ညီမ မလေ့လာဖြစ်သေးပါဘူး။

 


English Language က အခုခေတ်မှာ အရမ်းကို အရေးပါပါတယ်။ အခု လာမယ့် 2015 မှာလည်း အာဆီယံ Business တွေ ဝင်လာတော့မယ်။ အဲဒီတော့ ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ပြနိုင်ဖို့ဆိုတာ နိုင်ငံခြားသား Foreigner တယောက်လိုမျိုး သွက်သွက်လက်လက်ပြောနိုင်မှ ကိုယ်ကလည်း အောင်မြင်မှုတွေရရှိမှာပေါ့နော်။ ပြီးတော့ ဒီအလုပ်တွေလည်း သူတို့နဲ့ တန်းတူ အပြိုင်အဆိုင်လုပ်ရတော့မယ်ဆိုတော့ အင်္ဂလိပ်စာက တော်တော်ကြီးကို အရေးပါပါတယ်။ လူငယ်တွေအတွက် အင်္ဂလိပ်စာဟာ 90% လောက်ကို အရေးပါတယ်လို့ ညီမ ထင်ပါတယ်။

အသားအရည်နဲ့ ပတ်သက်ပြီးတော့ မျက်နှာကိုတော့ Skin Care ကောင်းကောင်း လုပ်ဖြစ်တယ်။ ခန္ဓာကိုယ်ကိုတော့ အိမ်မှာပဲ Scrub လုပ်ဖြစ်တယ်။ ပြီးတော့ ဝိတ်အနေနဲ့ကျတော့ Gym ပုံမှန် ဆော့ဖြစ်တယ်။ အားကစားထဲမှာ Gym ဆော့ရတာ ကြိုက်တယ်။

ရုပ်ရှင်တွေထဲမှာ ဟာသဇာတ်ကားကြည့်ရတာ ကြိုက်တယ်။ အခုနောက်ပိုင်း ကိုးရီးယားစီးရီးလေးတွေ ဂိမ်းပြိုင်တာလေးတွေ အဲဒါတွေ ကြည့်ဖြစ်တယ်။

 ရာသီဥတုတွေထဲမှာ အကြိုက်ဆုံးကို ပြောပါဆိုရင် ညီမက ဆောင်းရာသီမှာမွေးတဲ့အတွက် ဆောင်းရာသီကို အကြိုက်ဆုံးပါ။ မြန်မာနိုင်ငံမှာ အသွားချင်ဆုံးနေရာကတော့ ပြင်ဦးလွင်ပါ။  ပြင်ဦးလွင်ကို ဘာဖြစ်လို့သွားချင်လဲဆိုတော့ အဲဒီမြို့လေးက အရမ်းအေးတယ်။ နေရတာလည်း သာယာတယ်။ တခါမှလည်း မရောက်ဖူးသေးလို့ပါ။

လူငယ်ဘဝကို ညီမကိုယ်ပိုင်အမြင်နဲ့ ပြောပါဆိုရင် လူငယ်ဘဝဆိုတာ အရမ်း လွတ်လပ်တယ်။ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ရှိတဲ့ လွတ်လပ်တဲ့ လူတယောက်ပေါ့။ ဒါပေမယ့် အဲဒီလွတ်လပ်ခွင့်ကို အလွဲသုံးစား မသုံးသင့်ဘူးလို့ ညီမ ထင်ပါတယ်။

ညီမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ “Happiness is my fundamental desire” ပါ။ ပျော်ရွှင်မှုကတော့ ကိုယ့်ရဲ့ အရေးပါဆုံး ဆန္ဒပါပဲ။ လူတွေဟာ ပျော်ရွှင်မှပဲ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ဖြောင့်ဖြောင့်မတ်မတ် လုပ်နိုင်မှာလေ။ အဲဒါကြောင့် ပျော်ရွှင်မှုကတော့ ညီမအတွက် အရေးကြီးဆုံးပါ။

  • သီဟတိုး
 

 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved