နေပြည်တော်ရဲ့ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်

Thursday, August 14, 2014

 ~



လူခြေတိတ် ကျယ်ပြန့်လွန်းတဲ့ နေပြည်တော်ကို တစ္ဆေမြို့လိုလို ဘာလိုလို ပြောသူတချို့ ရှိနေပေမယ့် နိုင်ငံတကာ ဟိုတယ်အုပ်စု Kempinski  ကတော့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးတခုကို နိုဝင်ဘာမှာ ဖွင့်ဖို့ ပြင်နေပါပြီ။




  • နေပြည်တော် Kempinski  ဟိုတယ် ရေကူးကန် (ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)  

 ကမ္ဘောဇ အုပ်စု နဲ့  Jewellery Luck ကုမ္ပဏီတို့က ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားကြကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်ဖြစ်တဲ့ Local Companies Invest US$ 45 Million in Luxury Napyidaw Hotel မှာ ရေးပါတယ်။ အပြည့်အစုံကို
http://www.irrawaddy.org/business/local-companies-invest-us-45-million-luxury-napyidaw-hotel.html မှာ ဖတ်နိုင်ပါတယ်။ ဒီဟိုတယ်က နေပြည်တော်မှာ ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် ဖြစ်လာနိုင်ပါတယ် တဲ့။
အခန်းခတွေက တရက် ဒေါ်လာ ၂၂ဝ ကနေ ၄,ဝဝဝ အတွင်း ဖြစ်မှာပါ။

နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဒီဟိုတယ် ဆောက်လုပ်ပြင်ဆင်မှု အပြီးသတ်မယ်လို့ ဆိုတယ်။

ဒီဟိုတယ်ကြီးမှာ တည်းခိုနိုင်ချေရှိတာကတော့ အာဆီယံအစည်းအဝေးများကို လာတက်မယ့် နိုင်ငံတကာအစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဖြစ်မယ်၊ NGO နဲ့ စီးပွားရေးဘက်ပိုင်းကလည်း တည်းကြပါလိမ့်မယ်။

ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့အဆိုအရ နေပြည်တော်မှာ ဟိုတယ်ပေါင်း ၅ဝ ထက် မနည်း ရှိနေတာပါ။

လူသူကင်းမဲ့သလိုဖြစ်နေတဲ့ မြို့တော်ကြီးမှာ ဟိုတယ်တွေ ထပ်ပြီး လိုပါဦးမလား၊ ပြီးခဲ့သော အာဆီယံအစည်းအဝေးတွေမှာလည်း ဟိုတယ်အများအပြားမှာ အခန်းလွတ်တွေ ရှိနေတယ်လို့ ထောက်ပြသူတို့လည်း ရှိပါတယ်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ - Myanmar People Forum Working Group ရဲ့ ညွှန်ကြားရေးမှူး ကိုကျော်လင်းဦးကတော့ ... ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် နေပြည်တော်က ဟိုတယ်ကြီးတွေ ဧည့်သည် ရှိတော့မယ်မဟုတ်ဘူးလို့ ထင်ပါတယ် တဲ့။
နိုင်ငံတကာကိုယ်စားလှယ်တွေ လာကြတယ် ဆိုတာက အစည်းအဝေးများ ရှိလို့ဖြစ်တယ်၊ ဧည့်သည် ပုံမှန်ဝင်ရေး ဆိုတာက ထိပ်သီးအစည်းအဝေးတွေ ပြီးသွားရင် ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

 



.

2 comments :

  1. Anonymous said... :

    ဟိုတယ်တစ်ခုဆောက်လုပ်တယ်ဆိုတာ နိုင်ငံရဲ့နိုင်ငံခြားဝင်ငွေတိုးတက်လာမည့်အခွင့်အရေး များစွာရှိပါတယ်။

  1. Anonymous said... :

    ဟိုတယ်ရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ခိုင်ခံ့လှပမှု၊ ၀န်ထမ်းတွေရဲ့ နွေးထွေးပျူငှာမှုတွေက လာရောက်တည်းခိုရန် ဆွဲဆောင်နေမှာပါ။ မြို့တွင်းနေထိုင်မှု နည်းများနဲ့မဆိုင်ပါဘူး။
်from YDNT ကိုယ်ချင်းစာသူလေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved