ပေါင်းလောင်းအရေးလှုပ်ရှားသူ ဒုသမ္မတလုံခြုံရေးအကြောင်းပြပြီး ရိုက်နှက်ခံရ

Saturday, August 23, 2014

.


 ပေါင်းလောင်းဒေသအရေးဆောင်ရွက်နေတဲ့ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့  ခွန်းနိုင်လင်းထွန်းကို ရဲတပ် ဖွဲ့ဝင်တွေက
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ ခရီးစဉ် လုံခြုံရေး အကြောင်းပြချက်နဲ့ သြဂုတ်လ ၂၂ ရက်နေ့က ရိုက် နှက်ခဲ့တယ်လို့ သိရပါတယ်။ 




ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ် KNGY အဖွဲ့က သြဂုတ်လ ၂၃ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ် ပြန်ထားပါတယ်။ 

အထက်ပေါင်းလောင်းဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကျေးရွာ ၂၃ ရွာက ဒေသခံ လူပေါင်း ၈,ဝဝဝ ကျော်ရဲ့ နစ်နာ ဆုံးရှုံးမှု တွေကို ခွန်းနိုင်လင်းထွန်းက အချက်အလက်စုဆောင်း ထုတ်ပြန်ပေးနေတာဖြစ်တယ်လို့ကြေညာချက်မှာ ဆိုပါတယ်။ 

အခုလို ပြည်သူ့နစ်နာချက်ကို ဖော်ထုတ်ပေးနေသူကို ရဲတပ်ဖွဲ့ဝင် ၇ ဦးက ရိုက်နှက်ခဲ့တဲ့အတွက် ထိရောက်စွာ အရေးယူပေး ရေးနဲ့ ပေါင်းလောင်းဒေသခံ အခွင့်အရေးကာကွယ်ရေး ကော်မတီရဲ့ ပေါင်းလောင်း ဒေသအရေးကို လွတ်လပ်စွာ လုပ်ခွင့်ရဖို့ ကြေညာချက်က တိုက်တွန်းထားပါတယ်။



အိမ့်သံစဉ် ~ 














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved