လက်ဘက်ရည်ဆိုင်၊ ဗွီဒီယိုရုံ၊ ဆံပင်ညှပ်ဆိုင် ဖွင့်ခဲ့တဲ့ ဘူးလက်လှဆွေ

Wednesday, August 27, 2014


 ~



စစ်အရာရှိဟောင်းတချို့က အတွေ့အကြုံတွေ ရေးသား စာအုပ်ထုတ်တယ်။

သူတို့ထဲကတယောက်ဖြစ်တဲ့
လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့  ဖေ့စ်ဘုတ်မှာ ရေးတဲ့အတွက် အွန်လိုင်းကနေ ဖတ်လို့ရနေပါတယ်။
သေူ့ကို ဘူးလက်လှဆွေလို့လည်း ခေါ်ကြတယ်။ 

  လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက  KIA ကို   ရွှေလက်နဲ့ခေါ်တုန်း မလာတဲ့အတွက်  ဘူးလက် (ကျည်ဆန်) လွှတ်လိုက်သင့်တယ်ဆိုတဲ့သဘော  ၂၀၁၃ နှစ်ဆန်းပိုင်း လွှတ်တော်မှာ ဆွေးနွေးခဲ့ရာကနေ ဘူးလက် လှဆွေလို့ ထင်ရှားလာသူဖြစ်ပါတယ်။  အဲဒီအကြောင်း

http://burma.irrawaddy.org/%E1%81%80_kia/2013/01/25/32204.html မှာ ပြန်ဖတ်နိုင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့   UNFC  အဖွဲ့ကိုလည်း   “ကမ္ဘာ့ကုလသမဂ္ဂ ဘောလုံးအသင်း” (United Nations Football Club) လို့ အမည်ပြောင် ပေးခဲ့ပါသေးတယ်။

သူက စာနယ်ဇင်းသမားတွေ မေးသမျှ မညည်းမညူ ဖြေကြားသူပါ။
NLDမှာ  ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် တယောက်မှ သုံးစားလို့ မရဘူး။
စစ်တပ် နာမည်ပျက်ရတာဟာ စစ်ထောက်လှမ်းရေးတွေကြောင့် ဖြစ်တယ်၊ တခြား တပ်မတော်သားတွေ တိုက်ပွဲဝင်နေချိန် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေဟာ တပ်ကြပ်ကြီး အဆင့်ကအစ ခွေးချည်တဲ့ ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးတွေ ဆွဲပြီး ဇိမ်ခံနေကြတယ် စသဖြင့် ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဂန့်ဂေါမြို့ဘက် သူရောက်ရှိခဲ့ပုံတချို့ကိုလည်း ဒီနေ့ အွန်လိုင်း တင်ပါတယ်။ အထက်က ပုံ အပါအ၀င်ပေါ့။ ဘောင်းဘီအမည်းရောင်နဲ့က ဦးလှဆွေပါ။  ပုံက ထိပ်ပိုင်း ပြတ်နေတယ်။ ဒီပုံရိုက်ပေးသူကို အရွဲ့တိုက်ချင်လို့ တမင်သက်သက် ကောက်တင်လိုက်ပုံ ရပါတယ်။

အဲဒီဒေသ ကြံ့ခိုင်ရေးပါတီဝင်တယောက်နဲ့ တွဲရိုက်ထားတဲ့ပုံလည်း တင်သလို အခုလိုလည်း ရေးပါတယ်။


ကြော ရွာက ကြံခိုင်ရေးက ကြောသန်းဝင်း လို့ ခေါ်တယ်
သူ က ကံပွင့် သူဌေး ဦးအောင်သန်း နဲ့ ခမီးခမက်
အလွန်ကပ် စေးနဲ ပေါ့
သူတင်ပြလိုဒီရွာ အထက ပါတ်ကား ရအောင် ကျနော်တင်ပေးရတယ်
ကျောင်းဆောင်သစ် အပြီးသပ်ဘို့ သိန်း၃၀၀ ရခဲ့ တယ်
ဒီတပါတ်လာတော့ ဘာပေးမှာလဲတဲ့
ပြသာနာဘဲ

NLD ပါတီဝင်တွေနဲ့ ဆုံတွေ့ခဲ့ပုံကိုလည်း အခုလို ခပ်သောသော ရေးထားပြန်ပါတယ်။

ကျော ရွာက ဒီချုပ်တွေ က အခြေခံ ဥပဒေ စာအုပ် သူတို့မှာရှိတယ်လို့ ပြောတယ်
ဝမ်းသာစရာပေါ့
ဒီရွာ စာသင်ကျောင်းအတွက် သိန်း၃၀၀ ဘတ်ဂျက်ပါပါတယ် ဒီရွာက ပြီးခဲ့တဲ့လူထုစည်းဝေးပွဲမှာ တာဝန်ရှိသူတွေ တွေလက်မှတ်ထိုးတင်ပြလို့ ကျနော် ထပ် ဆင့်တင်ပေးခဲ့ပါတယ် ဆိုတော့ ဒီချုပ်များက ဒါပြည်သူ့ငွေတွေဘဲတဲ့
ကျနော့် ငွေလို့ မပြောရပါလားဗျာ လို့
ဒါဆို လာမယ့်လွှတ်တော်မှာ ဘာများ လွှတ်တော် တင်ပေးဘို ရှိပါသလဲဆိုတော့ ဒီချုပ် တွေက မလိုဘူးတဲ့
နားအေးပါ့

ကျနော့် ကိုယ်ကျနော်မိတ်ဆက်တော့ သတ္တုသယံဇာတနှင့်ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ဥက္ကဌတာဝန်ယူရပါတယ်ဆိုတော့
ဘယ်တုံးကဒီရာထူးရသွားတာလဲတဲ့ သူတို့မသိပါဘူးတဲ့ ဘယ်လိုရှင်းပြရမလဲမသိ

ဒီကနေ့ သူ့ဖေ့စ်ဘုတ်မှာ ထူးထူးခြားခြား ရေးထားတာကတော့  - ၁၉၉၆ ခုနှစ် သူ တပ်ရင်းမှူးဘဝ ရှမ်းပြည်နယ်ဘက်မှာ တာဝန်ကျစဉ် လက်ဘက်ရည်ဆိုင်၊  ဗွီဒီယိုရုံ၊ ဆံပင်ညှပ်ဆိုင် ဖွင့်ခဲ့ပါတယ် တဲ့။  နယ်စပ်မှာ အဲဒီလုပ်ငန်း လုပ်တဲ့နည်းနဲ့ တပ်သားတွေရဲ့ ယူနီဖောင်း၊ သူတို့ရဲ့ ကလေးတွေအတွက် ကျောင်းဝတ်စုံ ဖန်တီးရတယ်ဆိုတဲ့သဘောပါ။
အခက်အခဲကို ဘယ်သူ့ဆီကမှ လည်ပင်းမညစ်ဘဲ ပြေလည်အောင် ဖြေရှင်းတတ်တယ်လို့ ချီးကျူးနိုင်ပါတယ်။
အောက်ခြေအတွက် ယူနီဖောင်းတောင် မစီစဉ်ပေးနိုင်တဲ့ စစ်ခေါင်းဆောင်ကြီးတို့ရဲ့ စီမံခန့်ခွဲမှုအခြေအနေကိုလည်း အထုပ်ဖြေရာ ရောက်ပါလိမ့်မယ်။
သူ့ အရေးအသားက ဖတ်လို့ တော်တော်လေး ကောင်းပါတယ်။

ဖတ်ကြည့်ကြပါအုံး။

ကျနော်တပ်ရင်းမှူးဖြစ်တော့ ၁၉၉၆ ချင်းရွှေဟော်မရောက်ခင် နမ့်ဟူး ဆိုတဲ့ ဖေါင်ဆိပ် မှာ နေရတယ်

အဲဒီအချိန်က ဟိုပန်ဘက်ကို တံတားမထိုးရသေးဘူး ဖေါင်ကူးတဲ့ ခရီးသည်တွေနဲ့ လမ်းဖေါက်နေတဲ့အေးရှားဝါး ကအညာသားအလုပ်သမားမိသားစုတွေ နဲ့ ရှုတ်ရှက်ခတ်နေတယ်

ဒါနဲ့ ကျနော်လဲ စမူဆာ ပလာတာ ရိုက်တတ်တဲ့ စိုးဝင်း ဆိုတဲ့ ရဲဘော်အားကိုးပြီး လက္ဘက်ရည်ဆိုင်ဖွင့်တယ်

ဆိုင်နာမည်က တငုံကဖီး တဲ့ ခွက်သေးသေးလေးနဲ့ အရမ်းမြတ်တယ်

ဆောက်လုပ်ရေး လုပ်သားတွေ ပေါများတာကိုကြည့်ပြီး ညဘက်မှာဗွီဒီယိုရုံဖွင့်တယ်

စစ်ထဲမဝင်ခင်က ရွာမှာ ဗွီဒီယိုဇတ်ကားကြော်ငြာ အော်ဘူးတဲ့ ရဲဘော် က ဒီည ထိုးမယ့်ကြိတ်မယ့် ဇတ်ကားကြီးကဘာညာပေါ့
လူတအားဝင်တယ်

မော့စ် တို့ သီဟတင်စိုး တို့ ဆို ရုံပွင့်တယ်

ဗွီဒီယိုရုံနာမယ်က ရိတ်ကြီးဗွီဒီယို တဲ့ တိုင်းရင်းသားတွေ တောင်ပေါ်ကဆင်းလာရင် ဆံပင်တွေက ညှင်းသိုးသိုးနဲ့ ရွာထဲ မှာ ဆံသဆိုင် တဆိုင် ဘဲရှိတယ်

ဒါတောင် ဈေးနေ့မှဖွင့်တာ ဒါနဲ့ ဆံပင်ညှပ်တဲ့ ရဲဘော်ကို ကုလားထိုင် တလုံးနဲ့ စက်ကပ်ကြေး ဝယ်ပေးပြီး ဆံသဆိုင်ဖွင့်တယ်

တအားဘဲ လက်မလည်အောင်ညှပ်ရတယ်

အထူးသဖြင့် ပလောင်တွေ ဝ တွေ လာညှပ်တယ် သူတို့ကတိုရင်ပြီးရောလေ ဂျီးမများဘူး

ဆံပင်ညှပ်ဆိုင် နာမည်က တောင်လှေကားဆံသ တဲ့

ဒါနဲ့ တပ်မမူှး က လှဆွေဖေါင်ဆိပ်မှာစီးပွားရေးသောင်းကြမ်းနေတယ်ဆိုပြီး နှိပ်ကွပ်မလို့ လာစစ်ပါလေရော

ရောက်ရောက်ခြင်း စမူဆာ ပလာတာနဲ့ လက္ဘရည်ကျကျလေး ဧည့်ခံလိုက်တော့ ကြေနပ်သွားတယ်

နောက် ဈေးရောင်းရတဲ့ပိုက်ဆံတွေနဲ့ တပ်ရင်းတရင်းလုံး ဒိုင်းမွန်းကီး ယူနီဖေါင်း ဝမ်းဆက်ချုပ်ဘို့ ဝယ်ထားတဲ့ ပိတ်စအလိပ်လိုက်တွေ ရယ်
တပ်ရင်းကရဲဘော်ဇနီး တွေအတွက် ဆင်တူပါတိပ်လုံချည်နဲ့ အကျီင်္ စတွေရယ်
ရဲဘော်သားသမီးအားလုံးအတွက် အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံ တွေရယ်ထုတ်ပြလိုက်တော့ တပ်မမှူးကြီးအံ့သြဝမ်းသာသွားတယ်

ဆက်လုပ်ဆက်လုပ်
 စမူဆာ လုပ်တဲ့ ရဲဘော်စိုးဝင်းကို ဒုတပ်ကြပ်ပေးလိုက်
ဆိုပြီး ပြန်ခါနီး ဆိုင်နာမည်ဆိုင်းဘုတ်တွေ လိုက်ဖတ်တော့
တငုံကဖီး တို့ ရိတ်ကြီးဗွီဒီယိုတို့ တောင်လှေကားဆံသ တို့ ဖတ်ကြည့်ပြီး ဝါလုံးကွဲ ရယ်မောပြုံးရွှင်ပြီးပြန်သွားတယ်

အဲဒီဈေးတန်းမှာ အခမဲ့ ဝန်ဆောင်မှူ့ပေးတာတခုရှိတယ် အဲဒါက မေတ္တာ ဆေးခန်းပါ အလကားကုပေးပါတယ်

တပ်ရင်းနောက်တန်းပြန်တော့ လားရှိုးဘော်လုံးကွင်းထဲမှာ မှောင်ခိုပစ္စည်းပါမပါစစ်ပါလေရော

ကပ်စတန် က ဗိုလ်မူးကြီးလှဆွေသယ်လာတဲ့ ပိတ်စတွေဟာ အကောက် ခွန်မဲ့တွေ ဆိုပြီးဖမ်းပါလေရော

ရဲဘော် တွေလဲ ၄ လလောက် ချွေးနဲ စာနဲ့ စုထားတာလေးတွေ သွားပါပြီ ပေါ့

မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေတုံးကယ်တင်ရှင်ပေါ်လာတယ်
တပ်မ မှူးပေါ့
သူက ဗိုလ်မူးကြီးလှဆွေတို့ရိုသားစွာ ရှာဖွေစုဆောင်းလာတဲ့ ဟာကိုဖမ်းတယ်ဆိုရင် သူ့ အကျီင်္ ကိုချွတ်ပြီး ဒါဆို ဒါလဲဖမ်းကွာလို့ ပြောတယ်
ဒီတော့ ကပ်စတန် အကြီးအကဲလဲ မဟုတ်ပါဘူးခင်ဗျ ရပါပြီ ခင်ဗျ ဆိုပြီး အားလုံး ကို pass ပေးလိုက်ပါတယ်

အဲဒီတပ်မ မှုး ဆိုသူကတော့ ဦးအောင်သိန်းလင်းပါ ခင်ဗျာ
 


.

2 comments :

  1. Anonymous said... :

    ဖေ့စ်ဘုတ် လိပ်စာလေးလည်း သိချင်ပါတယ်။
    သူရေးထားတဲ့ အတိုင်းဆိုရင်တော့ သူတော်ကောင်းကြီးလို့ ထင်စရာပါပဲ။
    မကောင်းတာ လုပ်ခဲ့တယ်ဆိုတာ မပါလေတော့ တကယ့်သူတော်ကောင်းကြီးမြန်း ဖြစ်နေ လေမလား။

  1. Unknown said... :

    ထင်သလောက်မဟုတ်ပေမဲ့
    လွဲတတ်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved