ချင်းမိုင်-ရန်ကုန် ပြေးဆွဲမယ့် ရွှေမြန်မာ

Tuesday, August 12, 2014

မြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်း နိုင်ငံခြားခရီးသွားတွေလည်း ပိုတိုးပြီး လာကြသလို မြန်မာနိုင်ငံနဲ့ ချိတ်ဆက်တဲ့ ပျံသန်းပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေလည်း ခရီးစဉ်တွေ တိုးချဲ့လာနေကြတယ်။ 

 ချင်းမိုင်မြို့က လွိုင်ကထုံမယ်လေးများရဲ့ အလှ -၂ဝ၁၃ ခုနှစ် ၊ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

အခုနောက်ဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်နဲ့ ရန်ကုန်ကို တိုက်ရိုက်ပျံသန်းမယ့် နောက် ထပ် လေကြောင်းလိုင်းကတော့ မြန်မာနိုင်ငံက ပုဂ္ဂလိကလေကြောင်းလိုင်း တခုဖြစ်တဲ့ ရွှေမြန်မာ
လေကြောင်း လိုင်း ပဲ ဖြစ်ပါတယ်။ 

လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့က စပြီးတော့ ရက်သတ္တပတ် ၁ ပတ်မှာ ၃ ရက် ပျံသန်းပြေးဆွဲမယ်လို့ သိ ရပါတယ်။ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တိုင်း ထိုင်းနိုင်ငံ ချင်းမိုင်က ရန်ကုန်မြို့ကို ခရီးစဉ်တကြောင်းလျှင် အမေရိကန်ဒေါ်လာ ၅၉ ဒေါ်လာနဲ့ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

 ရွှေမြန်မာလေကြောင်းလိုင်းက ချင်းမိုင်ကနေ ရန်ကုန်ကို ပြေးဆွဲပေးရင်း ပုဂံ-ညောင်ဦးကို ခရီးဆက်ချင် ရင်လည်း ဈေးနှုန်းချိုသာစွာနဲ့ စီစဉ် ပေးမယ်လို့ သိရပါတယ်။ 

ချင်းမိုင်- ရန်ကုန် ပြေးဆွဲနေတဲ့ မြန်မာပုဂ္ဂလိက လေကြောင်းလိုင်း အဲပုဂံ က တပတ်ကို ကြာသပတေးနေ့နဲ့ တနင်္ဂနွေနေ့တွေပြေးဆွဲပေးနေခဲ့တာပါ။ 

ဒီအပြင် ထိုင်း ဘန်ကောက်အဲဝေးကလည်း ချင်းမိုင်- ရန်ကုန် ပြေးဆွဲ မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ 

အခုလို အဘိုးနှုန်းချိုတဲ့ ရွှေမြန်မာလေကြောင်းလိုင်းကလည်း ချင်းမိုင်-ရန်ကုန် အပြိုင်ပြေးဆွဲနေကြ တဲ့၊ ပြေးဆွဲ ကြမယ့် အခြားလေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်ရတော့မှာပါ။ 

 ပြေးဆွဲမယ့် လေယာဉ်ကတော့ လတ်တလော ခရီးစဉ် အသစ်ဖြစ်တဲ့အတွက် ATR 72 လေယာဉ် အမျိုးအစား တွေနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး လက်မှတ်တွေလည်း ရောင်းချပေးနေပြီလို့ သိရပါတယ်။ 

အိမ့်သံစဉ် ~ 



 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved