ဟောလီဝုဒ် ဟာသသရုပ်ဆောင် ရော်ဘင်ဝီလျံ ကွယ်လွန်

Tuesday, August 12, 2014

တခြားလူတွေကို ရယ်မောမှုတွေဖြစ်စေခဲ့တဲ့ ဟောလီဝုဒ် ဟာသရုပ်ဆောင် ရော်ဘင်ဝီလျံ ဟာ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယားက သူ့နေအိမ်မှာ သေဆုံးသွားပါတယ်။ 


 ဟာသသရုပ်ဆောင် ရော်ဘင်ဝီလျံ၊ ဓာတ်ပုံ- HBO

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ရော်ဘင် ဝီလျံရဲ့ ရုပ် အလောင်းကို မနေ့က ရဲတွေက တွေ့ချိန်မှာ သူဟာ မိမိကိုယ်မိမိသတ် သေ ထားတယ်လို့ ယူဆကြကြတယ်လို့ သတင်းတွေက ရေးနေကြပါတယ်။ 

 ဒေသခံ ရဲကတော့ ဖုန်းဆက်အကူအညီတောင်းလို့ သူ့အိမ်ကို ရောက်တဲ့အချိန် အသက်လည်း မရှုတော့ပဲ သတိမေ့ နေ တယ်လို့ ပြောထားပြန်ပါတယ်။ ဘယ်လိုသေဆုံးသွားတယ်ဆိုတာတော့ အခုထိ မသိရသေးပဲ စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပါတယ်။ 

အော်စကာဆုရှင် နာမည်ကြီး ဟာသသရုပ်ဆောင် ရော်ဘင်ဝီလျံရဲ့ ဖျော်ဖြေမှုတွေက တပါးသူတွေကို ရယ်မောစေနိုင်ပြီး ဘဝအမောတွေ ပြေပျောက်စေပေမယ့် သူကိုယ်တိုင်ကတော့ စိတ်ကျဝေဒနာခံစားနေ ခဲ့ရ တယ်လို့ သိရပါတယ်။ 

ဒါကြောင့် အရက်လည်းသောက်၊ မူးရစ်ဆေးလည်း သုံးစွဲလို့ ပြဿနာတွေတက်ခဲ့ပါသေးတယ်။ 

ရော်ဘင်ဝီလျံဟာ တီဗွီရုပ်သံဇာတ်လမ်းတွဲ Mork & Mindy မှာ နာမည်ကြီးလာပြီး ၁၉၈၂ ခုနှစ်က The World According to Garp ဆိုတဲ့ ဇာတ်လမ်းနဲ့ ရုပ်ရှင်နယ်ပယ်ကို အခြေချလာသူလည်းဖြစ်ပါတယ်။ 

သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ Good Morning, Vietnam (1987)၊ Dead Poets Society (1989)၊ Awakenings (1990)၊ The Fisher King (1991)နဲ့ Good Will Hunting (1997)တို့ ဖြစ်သလို Popeye (1980)၊ Hook (1991)၊ Aladdin (1992)၊ Mrs. Doubtfire (1993)၊ Jumanji (1995)၊ The Birdcage (1996)၊ Night at the Museum (2006)နဲ့ Happy Feet (2006)တို့မှာလည်း နာမည်ကြီးပါတယ်။ 

ရော်ဘင်ဝီလျံကို အကောင်းဆုံး သရုပ်ဆောင်ဆုအတွက် ၃ ကြိမ်အမည်စာရင်တင်သွင်းခံခဲ့ရပြီး Good Will Hunting မှာ အကောင်းဆုံး ဇာတ်ပို့ဆုရခဲ့ပါတယ်။ 

ဒီအပြင် ရော်ဘင်ဝီလျံဟာ Emmy Awards ၂ ဆု၊ four Golden Globe Awards ၄ ဆု၊ Screen Actors Guild Awards ၂ ဆုနဲ့ Grammy Awards ဆု ၅ ဆုကိုလည်း လက်ခံရရှိထားတဲ့အောင်မြင်တဲ့ အနုပညာ သမားတဦးလည်းဖြစ်ပါတယ်။ 



 အိမ့်သံစဉ် ~ 

 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved