မေမြတ်နိုး သရဖူ အသိမ်းခံရမှု အပေါ် လှနုထွန်းရဲ့ ရင်ဖွင့်ချက်

Friday, August 29, 2014

မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific 2014 အလှသရဖူမယ် မေမြတ်နိုးကို အဖွဲ့အစည်းက သရဖူ ပြန် သိမ်းခဲ့တာ အပေါ် တချိန်က သူ့ရဲ့ နိုင်ငံဒါရိုက်တာ လှနုထွန်းက အခုလို ရင်ဖွင့် ထားပါတယ်။ 



ဒီရင်ဖွင့် ချက်ကို လှနုထွန်းက သူ့ဖေ့စ်ဘုတ်မှာ အခုလို ရေးထားပါတယ်။ 


I am so sorry...we all did try our best... who is the worst enemy of the artist? Thank God this video clip is the best ever one I have ...thanks to the one who recorded it. 

လက်တွဲညီညီ အားပေးခဲ့တဲ့သူတွေအားလုံးကို တောင်းပန်ပါတယ်...လှနု  ဒီတစ်ခေါက်တော့ ဘာမှမတတ်နိုင်တော့ပါဘူး....ဘယ်သူမှ အနိုင်မရပဲ ဆုံးရှံးမှုတွေရသွားအောင် လုပ်နိုင်ခဲ့တဲ့သူတွေကို တကယ်ချီးကျူးပါတယ်...လှနုတို့ ကိုယ့်ဘာသာကိုယ်စိုက်ထုတ်ခဲ့ရတာပါ...ပိုက်ဆံမက်လို့ လုပ်ခဲ့တာ
မဟုတ်သလို သူ့ ကိုခိုင်းစားဖို့ လည်းမရည်ရွယ်ခဲ့ပါဘူး...လိမ်ညာလီဆည်လွန်းတဲ့သူတွေကိုမှ သွားမြင့် တင်ပေးခဲ့မိတာပါ...ဒီဗွီဒီယိုကလစ်လေးကိုကြည့်မိတိုင်းပျော်ခဲ့တယ်...အခု တော့...

အထက်ကအတိုင်း လှနုထွန်းက ရေးပြီး အောက်က ဗွီဒီယို ကို ကြည့်မိတိုင်း ပျော်ခဲ့တယ်လို့ ဆိုပါတယ်။ 

 လှနုထွန်းဟာ မေမြတ်နိုး သရဖူး သိမ်းခံရတာအပေါ်  သူနဲ့ မေမြတ်နိုးတို့ကြား မပြေမလည်ဖြစ်ခဲ့ကြလို့  သရဖူ ပေးတဲ့အဖွဲ့အစည်းကို သတင်းပို့ခဲ့လို့သာ အခုလို အလှမယ်လည်း သရဖူဆုံး နိုင်ငံလည်း သိက္ခာကျ၊ ခဲ့တာဆိုတဲ့ ဝေဖန်မှုတွေအပေါ် အထက်က အတိုင်း တုံ့ပြန်လိုက်တာ ဖြစ်နိုင်ပါတယ်။

 
  


အိမ့်သံစဉ် ~ 

 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved