မေမြတ်နိုး ကိုရီးယားမှာ ရင်သားပြုပြင်ခဲ့သလား

Friday, August 29, 2014


 ~



အလှမယ် မေမြတ်နိုးကို ခွဲစိတ်ပြုပြင်ပြီး ပိုမို လှပအောင် လုပ်ပေးဖို့ စီစဉ်ခဲ့ဖူးကြောင်း သရဖူပြန်သိမ်းလိုက်တဲ့ တောင်ကိုရီးယား အခြေစိုက် မယ်ပြိုင်ပွဲအဖွဲ့က ပြောပါတယ်။

ဒီအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းတပုဒ်ထဲ ရေးထားပါတယ်။
မူရင်းကို  www.irrawaddy.org/all/burma/ex-burmese-beauty-queen-accused-stealing-crown.html မှာ ဖတ်နိုင်ပါတယ်။

သူ ပိုပြီး လှပသွားစေဖို့အတွက် တောင်ကိုရီးယားကို ရောက်ရောက်ချင်း ဆေးရုံကို ပို့လိုက်တယ်၊ ရင်သားပြုပြင်ဖို့ပါ ဆိုပြီး
မယ်ပြိုင်ပွဲအဖွဲ့ ပြန်ကြားရေးတာဝန်ခံ  David Kim က ပြောပါတယ်။
နှာခေါင်းမလှဘူးဆိုရင်... သူလည်း သဘောတူမယ် ဆိုရင် နှာခေါင်း ပြင်ပေးမှာပါ၊ ရင်သား မလှဘူး ဆိုရင်လည်း ရင်သားပေါ့ လို့ David Kim က ပြောပါတယ်။

ခွဲစိတ်ပြုပြင်ခဲ့ခြင်း ရှိမရှိ ဆိုတာကိုတော့ သေသေချာချာတော့ သတင်းထဲ ရေးမထားပါ။

မေမြတ်နိုးနဲ့ ပြိုပွဲအေဂျင်စီတို့ ကြား ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တာကတော့ တောင်ကိုရီးယားခရီးစဉ် အစပိုင်းကတည်းကလို့ ဆိုတယ်။
မေမြတ်နိုးက သူ့မေမေကို ဆိုးလ်မြို့တော် အလည်အပတ် ၁၀ ရက် ဆိုပြီး ခေါ်ခဲ့တယ် တဲ့။ သို့သော်လည်း ၃ လ ကြာသွားတယ်လို့ ဆိုတယ်။
ပြိုင်ပွဲအဖွဲ့ အပိုကုန်ကျသွားတယ်လို့ သူက ဆိုပါတယ်။

Miss Asia Pacific World သရဖူရုပ်သိမ်းကြောင်းလည်း  မေမြတ်နိုးကို အကြောင်းကြားထားပါတယ် တဲ့။

ဆက်စပ်


http://burma.irrawaddy.org/entertainment/2014/06/11/60241.html


မူရင်းသတင်း
 www.irrawaddy.org/all/burma/ex-burmese-beauty-queen-accused-stealing-crown.html
 



.

3 comments :

  1. Anonymous said... :

    နာမည်ကြီးတစ်ယောက်အနေနဲ့ မိမိရဲ့အပြောအဆိုအတိုင်း နေထိုင်မှရမှာပါ။ အခုလို ပြောတာက ကဲ့ရဲ့ရှုံ့ချချင်လို့ မဟုတ်ပါဘူး။ ပြုပြင်စေချင်လို့ပါ။ korea နိုင်ငံမှာက ခွဲစိပ်ပြုပြင်တယ်ဆိုတာ ခောတ်စားပါတယ်။ အဲဒီလိုနိုင်ငံကို ရောက်လို့ပြုပြင်ချင်စိတ် ဖြစ်ခဲ့တယ် ဆိုရင်တောင်မှ ဘယ်သူဖြစ်ဖြစ်မမှားလောက်ပါဘူး။ from YDNT ကိုယ်ချင်းစာသူလေး

  1. Anonymous said... :

    မေမြတ်နိုးက ကိုရီးယားကို သွားတာ ရင်သား ပြုပြင် ခွဲစိတ်ဖို့ အချိန်တောင် ရရဲ့လား။ သူရောက်ပြီး ဘာမှ မကြာခင်ဘဲ သရဖူသိမ်းတယ်ဆိုလို့ ချက်ခြင်း ပြန်လာတာ မှတ်လား။

  1. Anonymous said... :

    ခွဲ မခွဲ ကတော့ ကိုင် ကြည့် မပဲ သိမယ် :P

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved