စိုးစန္ဒာထွန်းမိသားစုရဲ့ အောင်လေးအောင် ခေါင်လေးခေါင် ပူဇော်ပွဲ

Saturday, August 30, 2014


 ~




  

ပုပ္ပါးတောင်မြတ် တောင်ကလပ် ရွှေမန်ကျီးတော အောင်မြေစခန်းမှ ဘဘဦးမေဓာဝီအား အမှူးထား၍ ပုပ္ပါးသုံးထပ်ကွေ့ အတက်လမ်းမှ “စုံသာမြိုင်ဝယ်” အောင်မြေစခန်းတွင် ကျင်းပပူဇော်မည့် အောင်ပွဲအကြို အခမ်းအနားကို အဆိုတော် စိုးစန္ဒာထွန်းတို့၏

အောင်နန်းစန္ဒာ-အောင်နန်းစင်္ကြာဒေ၀ီ သာသနာပြု မိသားစုတို့က ရန်ကုန်မြို့ နေအိမ်တွင်  ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲမှာ အောင်လေးအောင် ခေါင်လေးခေါင်၏ ၆၂ ကြိမ်မြောက် ရွှေပြည်တော်ဝင် မဟာအောင်ပွဲသဘင် ဆင်ယင်ကျင်းပရာတွင် အဘအောင်မင်းခေါင်၏ ၂၀၁၄-၂၀၁၅ ဓာတ်နိမိတ်အရ ၀တိံဖျားက အကြိုပူဇော်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုတော် စိုးစန္ဒာထွန်းက ဆိုသည်။

ပူဇ်ာပွဲကို နမောတသ ၃ ကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပြီးနောက် ကြွရောက်လာသော ဓမ္မပရိသတ်များမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သော အဆိုတော် ဦးရန်ပိုင်စိုးမှ ဓာတ်၊ နတ်၊ သိုက် ဆိုင်ရာပုဂ္ဂိုလ်ကြီးများအား အခမ်းအနားသို့ ကြွရောက် အပူဇော်ခံရန် ပင့်ဖိတ်ခဲ့သည်။
ထိုပုဂ္ဂိုလ်များအား တေးသံရှင် စိုးစန္ဒာထွန်းမှ အေးပြီကွဲ့လေး တေးသီချင်းဖြင့် သီဆိုပူဇော် ပင့်လျှောက်ခဲ့ကာ ဓာတ်ဖြင့်ကြွရောက်တော်မူလာသည့် ၀ိဇ္ဇာဦးစီးဥက္ကဋ္ဌ ဓာတ်ပေါင်းဥသျှောင် အဘအောင်မင်းခေါင်နှင့် ၀ိဇ္ဇာကြီးများအား “ရာဇဂဟေ” အစရှိသော ကန်တော့ချိုးဖြင့် ပင့်လျှောက်ခဲ့ကြသည်။

ထို့နောက် အဘအောင်မင်းခေါင်၏ ပုပ္ပါးသမထ ရွှေလမ်းစဉ်ဖြင့် ဆုတောင်းမေတ္တာ ပို့သခြင်း၊ မေတ္တာခံယူခြင်း၊ အောင်ဂါထာများဖြင့် အောင်ထူးဆန်း မန္တာန် ရွတ်ဆိုကျူးရင့်ခြင်းတို့ကို ပုပ္ပါးမှ ဆရာ မင်းသိဒိက အောင်ပွဲခံ မေတ္တာဖြန့်ကြက်ပေးခဲ့ပြီး အောင်းနန်းစန္ဒာ-အောင်နန်းစင်္ကြာဒေ၀ီ (အဆိုတော် စိုးစန္ဒာထွန်း မိသားစု) မှ နန်းဆက်၊ ဓာတ်ဆက်၊ ပဋ္ဌာန်းဆက်၊ သိုက်ဆက်၊ အကျိုးဆက်၊ အကြောင်းဆက်ရှိသော ပဋ္ဌာန်းဆက် ပါရမီရှင် ခုနှစ်ရက် သားသမီးများနှင့်အတူ ဓာတ်၊ နတ်၊ သိုက် ဆိုင်ရာ ပျော်ပွဲသဘင် ဆင်ယင်ကျင်းပခဲ့သည်။

အဆိုတော် စိုးစန္ဒာထွန်းမှ ပူဇော်ပွဲအောင်ခြင်း အထိမ်းအမှတ်ဖြင့် ငွေဖလားကိုကိုင်ကာ ရွှေမိုးငွေမိုး ရွာစေပြီး မင်္ဂလာအောင်မောင်း ကိုးချက်နှက်ပြီးနောက် အောင်လေးအောင်၊ ခေါင်လေးခေါင်၏ ၆၂ ကြိမ်မြောက် အကြိုပူဇော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

သေတ္တာ

၂၀၁၄ ဇူလိုင် ၂၁ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။
ပုပ္ပါးတောင်ပုံကိုတော့ စိုးစန္ဒာထွန်းရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ယူပါတယ်။

 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved