ရန်ကုန်မှာ ပုံမှန်မရှိတဲ့ လျှပ်စစ်မီး အချိန်ပိုင်းဖြတ်တောက်မယ်

Saturday, August 2, 2014

ရန်ကုန်မှာ လျှပ်စစ်မီးက ပုံမှန် လာတယ်လို့ မရှိပါဘူး။ လာပြန်ရင်လည်း မီးအားမပြည့်လို့ အိမ်တိုင်း နီးပါး မီးအားမြှင့်စက်သုံးကြရပါတယ်။ အခု တခါ ပြည်သူကို အသိပေးတဲ့ ကြေညာချက်အရ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရစေဖို့ သက်ဆိုင်ရာ မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ဖြတ်တောက်ပါမယ်။ 


ဧရာဝတီ ပရိသတ်တွေအနေနဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေး အဖွဲ့ရဲ့ ပြည်သူကို အသိ
ပေး ပန်ကြားချက် အပြည့်အစုံကို ဖတ်ကြည့်ဖို့ နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြချက်ကို ကူးယူဖော်ပြ
ပေးလိုက်ပါတယ်။

အများပြည်သူသို့ အသိပေးပန်ကြားခြင်း 

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အား ခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ် တောက်မှုများ လျော့နည်းစေရန် အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အား ခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ 

၂။ သို့ဖြစ်ပါ၍ ၂-၈-၂ဝ၁၄ ရက်နေ့တွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ရွှေပေါက်ကံ၊ ပုဇွန်တောင်၊ ဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(တောင်)၊ တောင် ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကျောက်တံတား၊ ဆိပ်ကမ်း၊ ကြည့်မြင်တိုင်၊ ခရမ်း၊ ကျောက်တန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ထောက်ကြန့်၊ ဥက္ကံမြို့ နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် (ဝ၉းဝဝ) နာရီမှ (၁၃းဝဝ)နာရီအတွင်းလည်းကောင်း၊ (၁၃းဝဝ)နာရီမှ (၁၆းဝဝ) နာရီ အတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ 

၃။ သို့ဖြစ်ပါ၍ ၃-၈-၂ဝ၁၄ ရက်နေ့တွင် မြောက်ဥက္ကလာပ၊ ဒဂုံ(အရှေ့)၊ ဒဂုံ(တောင်)၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ခရမ်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ လှည်းကူး၊ မှော်ဘီ၊ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ထောက်ကြန့်မြို့နယ် များ၏ ရပ်ကွက်အချို့၊CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင်(ဝ၉းဝဝ) နာရီမှ (၁၃းဝဝ)နာရီအတွင်းလည်း
ကောင်း၊ (၁၃းဝဝ)နာရီမှ (၁၆းဝဝ) နာရီ အတွင်းအချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ 

၎။ ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ် တောက်မှုများ လျော့နည်းစေရန်အတွက် ပုံမှန်မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းဖြစ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားပြတ် တောက်မှုကြောင့် လူမှုရေးအခက်အခဲများ
ပေါ်ပေါက်နိုင်မှုအပေါ် နားလည်ခွင့် လွှတ်ပါရန် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူသို့ အသိပေးပန်ကြားအပ်ပါသည်။ 

(ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့) 


အခုလို ပြည်သူသို့ အသိပေးပန်ကြားချက်ကြောင်း ရန်ကုန်မှာ ဖယောင်းတိုင်ဈေးတွေ ထပ်တက်မလား
မလားလို့ တွေးမိပါတယ်။

 လွန်ခဲ့တဲ့ နှစ်တွေက လျှပ်စစ်မီး ပုံမှန်ရရေးအတွက် ပြည်သူတွေက ဖယောင်းတိုင်ထွန်းပြီး နိုင်ငံ အနှံ့ ဆန္ဒတွေ ဖော်ထုတ်ခဲ့ကြပါသေးတယ်။ အစိုးရကတော့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းမယ်လို့ ကတိတွေ တသီကြီး ပေးခဲ့ပါတယ်။


အိမ့်သံစဉ် ~



.
















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved