မန္တလေးမှာဖွင့်မယ့် စာနယ်ဇင်းသင်တန်း

Monday, August 4, 2014

 ~


 
မြန်မာ့သတင်းပညာသိပ္ပံ - MJI က မန္တလေးမှာလည်း သင်တန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီ။  သင်တန်းလျှောက်လွှာခေါ်ယူတဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

လုပ်သက် ၂ နှစ်ရှိပြီးဖြစ်တဲ့ စာနယ်ဇင်းသမားတွေ လျှောက်လွှာ တင်နိုင်ပါတယ် တဲ့။ ၁၂ လ ကြာမယ့် သင်တန်းအတွက် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်ရှိတယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

မန္တလေးသင်တန်းအတွက်သင်တန်းသားများခေါ်ယူခြင်း


Myanmar Journalism Institute (MJI) မြန်မာ့သတင်းပညာသိပ္ပံ၏ အချိန်ပိုင်း မာလ်တီမီဒီယာ သတင်းပညာ (Journalism) ဒီပလိုမာသင်တန်းအား လာမည့် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ပြီး မန္တလေးမြို့ တွင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်လိုသည့် သင်တန်းသူ ၊ သင်တန်းသားများ သင်တန်းလျှောက်လွှာ ပေးပို့ပေးနိုင်ကြောင်း အသိပေးအပ်ပါသည်။

သင်တန်းကာလကို ၁၂ လ သတ်မှတ်ထားပြီး သင်တန်းတက်ရောက်မည့်သူသည် အနည်းဆုံး လုပ်သက် အတွေ့အကြုံ ၂ နှစ်ရှိကာ လက်တွေ့လုပ်ကိုင်နေသော သတင်းစာဆရာများ ဖြစ်ရပါမည်။ လစဉ် မျက်နှာစုံညီ လုပ်ငန်းခွင်ဆွေးနွေးပွဲ (workshop) များပြုလုပ်၍၊ e-learning (အီလက်ထရောနစ် အထောက်အကူပြု သင်ကြားရေး)  အရင်းအမြစ်များကို အသုံးပြုကာသင်ကြားပါမည်။

သင်တန်းတက်ရောက်ခွင့်ရမည့်  ပထမ အပတ်စဉ် သင်တန်းသူ၊ သင်တန်းသား ၁၅ ယောက်စလုံး အတွက် scholarship ပညာသင်ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ပထမ သင်ခန်းစာကို သြဂုတ် ၁၈ ရက်နေ့မှ သြဂုတ် ၂၃ ရက်နေ့အထိ ပို့ချသွားမှာဖြစ်ပြီး မီဒီယာဥပဒေနှင့် ကျင့်ဝတ်၊ သတင်းရေးသားခြင်းတို့အကြောင်းဖြစ်ပါသည်။ နိုင်ငံခြားဆရာတစ်ဦး၊ မြန်မာသင်တန်းဆရာများနှင့် အထူးဖိတ်ကြားထားသောပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ မြန်မာဘာသာစကားကိုအသုံးပြု၍ သင်ကြားပါမည်။

သင်တန်းလျှောက်လွှာတင်ရမည့်နောက်ဆုံးရက်မှာ သြဂုတ် ၈ ရက်၊ ၂၀၁၄ ဖြစ်ပြီး သင်တန်းသို့ တက်ရောက်ရန် အရွေးချယ်ခံမည့်သူများအား အင်တာဗျူးမည့်ရက်မှာ စနေနေ့ သြဂုတ် ၉ ရက်၊ ၂၀၁၄ ခုနှစ် ဖြစ်ပါသည်။

သင်တန်းလျှောက်လွှာများကိုinfo@mjimyanmar.orgသို့  အီးမေးလ်ဖြင့်လည်းကောင်း၊ မန္တလေးမြို့ နေသူများအတွက် လူကိုယ်တိုင် အောက်ဖော်ပြပါ လိပ်စာ သို့မဟုတ် လူပုဂ္ဂိုလ်သို့လည်းကောင်း ပေးပို့နိုင်ပါသည်။

(၁) ပြင်သစ်စင်တာ၊ YMCA၊ လမ်း (၈၀)၊ (၂၄) လမ်းနှင့် (၂၅) လမ်းအကြား၊ မန္တလေးမြို့ ။ တယ်လီဖုန်း -၀၂၂၃၁၃၈

(၂) ကိုကျော်သူရမျိုး-မိုဘိုင်းဖုန်းအမှတ် ၀၉၂ ၅၆၀ ၃၂၄၃၆

ထပ်မံသိလိုသည်များကို Ma Lina (ခ) ဒေါ်စိန်စိန်မြင့် ဖုန်း -၀၉၂ ၅၄၃၈ ၄၆၆၀  သို့  ဆက်သွယ် မေးမြန်းနိုင်ပါသည်။

သင်တန်းလျှောက်လွှာများကိုအောက်ပါလင့် တွင် download ဆွဲယူနိုင်ပါသည်။

သင်တန်းလျှောက်လွှာများ ဒေါင်းရန်




 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved