မေမြတ်နိုးအတွက် ဒေါ်လှနုထွန်းရေးတဲ့စာ

Friday, September 5, 2014

မေမြတ်နိုးနဲ့ သူ့မိခင်တို့ သတင်းစာရှင်းလင်းပွဲ အပြီး နုတ်ဆိတ်နေခဲ့တဲ့ Miss Asia Pacific World ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်လှနုထွန်းကတော့ သူ့ဖေ့စ်ဘုတ်ကတဆင့် သမီးလေး ဖတ်ဖို့ ဆိုတဲ့ စာရေးသားပြလာပါတယ်။

စာလုံးပေါင်းသတ်ပုံတချို့ ပြင်ဆင်ပြီး   ကူးယူဖော်ပြပေးလိုက်ပါ တယ်။  စာနဲ့အတူ ဗွီဒီယို ယူကျု လင့်တခုလည်း ချိတ်ပြထားပါတယ်။ 



သမီးလေးဖတ်ဖို့။ 

လှနုထွန်းကို ခြေမှုန်းမယ် ဆိုတဲ့ စိတ်ရည်ရွယ်ချက်တစ်ခုနဲ့ မြှောက်ပင့်ပေးသူတွေကြောင့် သမီးလေး မာန်ကြီးပြီး ဆက်လုပ်နေမယ်ဆိုရင်တော့လည်း....ပေးလုပ်ပါတယ်...၁၆ နှစ်သမီးကို သရဖူရအောင် သင်ကြားပေးခဲတဲ့အမှု ၊ ကိုရီးယားအထိ ဇနီးမောင်နှံ ၂ ယောက် လိုက်သွားပြီး အားကျိုးမာန်တက် ကြိုးစားခဲ့တဲ့ အမှုတွေလည်း တရားစွဲချင်ဆွဲနော်။ ခွင့်လွှတ်ပါတယ်။ 

ဆရာမဆိုတာ တပည့် ကောင်းစားတာမြင်ရင် ကျေနပ်နေတာပါပဲ။ မလိမ်ညာတတ်တဲ့ သူတယောက် အနေနဲ့ ရပ်တည်နေတာကိုက ကွယ်လွန်သွားတဲ့ ဘိုးဘွားတွေအတွက် ကျေနပ်လှပါပြီ။ 

ဒါပေမယ့် လှနုရဲ့ အမျိုးသား ကိုတော့ စွဲမထည့်ပါနဲ့။ သူဘယ်လောက်အထိ ကူညီပေးခဲ့သလဲ ဆိုတာ သူသမီးလေးတို့အတွက် ကားမောင်း ပို့ပေးခဲ့တဲ့ ခရီးမိုင်တွေ၊ ရက်စွဲတွေကို ပြန်တွက်ကြည့်လိုက်ပါ။ 

သမီးလေးအသံသွင်းဖို့ ကူညီပေးခဲ့တဲ့ မိတ်ဆွေတွေနဲ့ သမီးလေး MTV အတွက် အပင်ပန်းခံရိုက်ပေးခဲ့ တဲ့သူ၊ မီးထိုမှန်ထိုး ဖိနပ်သိမ်းပေးခဲ့တဲ့ သူတွေကိုကော အပြစ်တင်ချင်ပါသေးလား သမီးရယ်။

လှနုထွန်း ရေးထားတဲ့ မေမြတ်နိုးကို ရည်ရွယ်ပြီး သမီးလေး ဖတ်ဆိုဆိုတဲ့ စာပါ။ 


မြန်မာနိုင်ငံဆိုင်ရာ Miss Asia Pacific World ရဲ့ ကိုယ်စားလှယ် လှနုထွန်း က ယူကျူ လင့်ကိုလည်း တပါတည်း ဖော်ပြထားပါတယ်။ 















13 comments :

  1. Anonymous said... :

    သမီးလေးတဲ့လား .... စိတ်ရင်းထဲက လာတဲ့ စကားလား ....
    သူတော်ကောင်းမကြီးလိုလို ပုံဖမ်းထားတယ် ....

  1. Unknown said... :

    အမြတ်​စွန်း​တွေ မျိုရတာကိုး

  1. Anonymous said... :

    မလှနု ကို အပြည့်​အဝယုံကြည်​မိတယ်​ ၊​မေမြတ်​နိးအမ ကကလိမ်​ကကျစ်​ရုပ်​နဲ့ အသိသာကြီးပါ

  1. Anonymous said... :

    စကားလုံးလှဖို့ထက်​ စိတ်​ရင်းမှန်​ဖို့လိုတယ်

  1. Anonymous said... :

    စိတ်ထားကောင်းနှလုံးလှမယ် ဆိုရင် သံသရာအတွက်အကျိုးရှိမှာပါ။ အခုအချိန်မှာ အမှန်အမှား မထင်ပေါ်သေးပါ။ ကိုယ့်ဘက်ကမှန်ရင် မကြောက်ပါနှင့် ၊ မတုန်လုပ်ပါနှင့်။ အားတင်းထားပါ။
    လူတိုင်းအတွက် from YDNT ကိုယ်ချင်းစာသူလေး

  1. Gil said... :

    ယုံရခက်ကြီးပါ သနားအောင်ပြောနေသလိုဘဲ

  1. Anonymous said... :

    အလုပ်မရှိ အကိုင်မရှိ၊ အတင်းပြော အပြစ်တင် လူတွေရဲ့ အကျင့်ကိုက အောက်တန်း နောက်တန်း ရောက်နေ ကြတယ်။ ကိုယ့်အောက် ကိုလဲ ငုံကြည့် ကြအုန်း။ တိုင်းပြည်တော့ ကြီးပွါး အုန်းမယ်။

  1. Anonymous said... :

    ဘာပဲး​ပြေား​ပြေားအမှန်​တရားဆိုတာရှိပါတယ်

  1. Anonymous said... :

    ယူကျူမှာမလှနုထွန်းပြောသွားတာမြန်မာတွေကိုစော်ကားတာနဲ့တူတယ်အများနဲ့ယှဉ်ပြီးကိုဒီလိုမပြောသင့်ပါဘူးဘာတဲ့မြန်မာလူမျိးအကြောင်းကိုမြန်မကပိုသိတယ်တဲ့မမိုက်ဘူး

  1. Unknown said... :

    ဘာပဲပြောပြောမလှနုထွန်းကိုယုံကြည်တယ်

  1. Unknown said... :

    မလှနုထွန်းကိုသနားတယ်

  1. Anonymous said... :

    လှနုထွန်းကကို မဟုတ်တဲ့ အင်အဖွဲ့အစည်းနဲ့ သွားချိတ်ဆက် အလုပ်လုပ်လို့ ဒီလို ပြဿနာတွေ ဖြစ်လာတာ။ မေမြတ်နိုးသည် အသက် ၁၈ နှစ် အောက်။ လှနုထွန်းက သူဘာမှ မသိပါဘူး။ သူမပါ ပါဘူးလို့ ခုမှ ခေါင်းရှောင်လို့မရဘူး။ ၁၈ နှစ်အောက် ကလေး တစ်ယောက်ကို အပြစ်တွေ လွှဲချ၊ ပုံချနေလို့ မရဘူး။ အရွယ်မရောက်သေးတဲ့ မြန်မာအမျိုးသမီးလေး တစ်ယောက်အတွက် ကမ္ဘာမှာ အရှက်ခွဲခံရတာ၊ အသရေဖျက်ခံရတာ၊ အမဲစက် စွန်းထင်းရတာတွေထက် သူရောင်းလိုက်ရတဲ့ကား၊ လက်ဝတ်လက်စားတွေက ပိုတန်ဘိုးရှိသေးတာလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved