သရုပ်ဆောင်ရဲတိုက် သာသနာ ညိုးနွမ်းမှုနဲ့ ထောင် ၁ နှစ် ချမှတ်ခံရ

Thursday, September 18, 2014

.
 သရုပ်ဆောင် ရဲတိုက်ကို သာသနာ ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ အတွက် ထောင်ဒဏ် ၁ နှစ်၊ ၂၉၅(က) အတွက် ထောင်ဒဏ် ၁ နှစ် ကျခံဖို့ ဗိုလ်တထောင်မြို့နယ် 
တရားရုံးက ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်ပါတယ်။ 


(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ) 

ဒေီပုဒ်မှ ၂ ခု အတွက် ပြစ်ဒဏ်ကို တပေါင်းတည်း ကျခံဖို့ စီရင်တာ ဖြစ်တဲ့အတွက် ထောင်ဒဏ်က ၁ နှစ် ဖြစ်သွားပါတယ်။ 
ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ရဲတိုက်ဟာ ဗိုလ်ချုပ်လမ်း နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ဘုရားကျောင်းရှေ့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကြောင့် သက်ဆိုင်ရာရဲ့ တရားစွဲအရေးယူမှုကို ခံခဲ့ရခြင်းဖြစ်ပါတယ်။

ရဲတိုက်ဟာ ဆေးခြောက် ၁ ကျပ်သား လက်ဝယ် တွေ့ရှိမှုနဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၅ နှစ် ကျခံနေရသူလည်း ဖြစ်ပါတယ်။






  

.




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved