တာချီလိတ်မြို့ တလအတွင်း ဒုတိယအကြိမ် ရေကြီးမှု

Thursday, September 18, 2014

.

ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညဦးပိုင်းကတည်းက မိုး အဆက် မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေ စီးဝင်မှုကြောင့် နှစ်နိုင်ငံ ခြားထားတဲ့ မယ်ဆိုင် ချောင်းမှာ ရေကြီး

ရေလျှံ ဖြစ်ကာ   ပုန်ထွန်၊ တာလော့၊ မဲခေါင်၊ ဆန်ဆိုင်း(က) နှင့် (ခ)၊ မကာဟိုခမ်း ရပ်ကွက်တို့တွင်  ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သည်။ 


တာချီလိတ်မြို့ ရေကြီးမှု မြင်ကွင်းများ ၊ ဓာတ်ပုံ- ကောင်းခန့်လင်း/ ဧရာဝတီ 

 နယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားဘောင်အထိ မယ်ဆိုင်ချောင်းရေ လျှံတက်ခဲ့တာကြောင့် တံတားကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းကစ၍ ယခုအချိန်ထိ ဆိုင်ကယ်၊ ကား ဖြတ်သန်းခွင့် ယာယီပိတ် ထား လိုက်ပြီး လူသွားလမ်းကိုသာ ခွင့်ပြုထားသည်။

 ရပ်ကွက်အသီးသီးရှိ ရေဘေးသင့် ပြည်သူတွေကို ရပ်ကွက်အလိုက် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပရဟိတ အကျိုးဆောင်အဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများကို လိုက်လံကူညီ ဆောင်ရွက်ခဲ့ကြသည်။ 

ယခု ရေကြီးမှုသည် တာချီလိတ်မြို့တွင် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်မြောက် ရေကြီးမှုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု စာရင်းကို အတိအကျမသိရသေးဘဲ ရေဘေးကြောင့် အသေ အပျောက် မရှိဘူး ဟုလည်း တာချီလိတ်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဧရာဝတီကို ပြောသည်။ 

 “ကျတော်တို့က မိုးစရွာကတည်းက ရေတားဖို့ ဇလီဖာတုံးတွေ သေချာ ချထားတာလို့ အသေ အပျောက် မရှိပါဘူး။ ပျက်စီးတာ ဆိုလို့ မူလတန်းကျောင်းတကျောင်းက အုတ်တံတိုင်းရယ် စိုက်ပျိုးရေး ဌာနက အုတ်တံတိုင်း နှစ်ခန်းပြိုတာ နဲ့ အဲလောက်ဘဲ မြင်သာ ထင်သာ ရှိသေး တယ်ဗျ၊ ကျန်တဲ့ဟာတွေက ကျနော်တို့ စာရင်းမရသေးဘူး ဗျ ”ဟု သူက ဆိုသည်။ 







 ငြိမ်းဇော် ~



.




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved