"လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်ပါ"

Monday, September 1, 2014


 ~



 နိုင်ငံတကာသွားပြီး သရဖူ ယူခဲ့တဲ့  မြန်မာ အမျိုးသမီးငယ်လေး မေမြတ်နိုးကို ရှေ့ဆက် သွားခွင့် ပြုကြပါ၊
 ကိုယ့် ရဲ့ အပြောအဆို .. ဝေဖန်ကဲ့ရဲ့ မှု ..
ဆဲဆိုရေးသားမှုတွေ နဲ့ .. သူ့ ရဲ့ စိတ်ဓါတ်ကို ဆက်ပြီး မရိုက်ချိုးကြပါနဲ့ တော့ ..
သူ့ ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်ပါ .. လို
သစ်သစ်မြင့်ဆိုင်က Facebook မှာ ရေးပါတယ်။

သူ့ရဲ့ ရေးသားချက်ကို အွန်လိုင်းမှာ ဝေမျှသူ ၁,၉၇၂ ဦး ရှိနေပါပြီ။

မဖတ်ရသေးသူများအတွက် ဒီဘလော့မှာ  ဖော်ပြပေးလိုက်ပါတယ်။

 


ကျမ နဲ့ မေမြတ်နိုး ဆိုတာ အပြင်မှာ တခါဖူးမှ သိကျွမ်းခင်မင်ဖူးခြင်းမရှိတာကို အရင်ဆုံးပြောပြချင်ပါတယ် ..

ဒါပေမဲ့ လတ်တလောမှာ ဖြစ်ပျက် ပွက်လောရိုက်နေတဲ့ ..
မေမြတ်နိုး ရဲ့ crown ကို ပြန်သိမ်းခံရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ..
ကျမ တွေးမိ စဉ်းစားမိတာလေး ကို ဝေမျှချင်ပါတယ် ..
ဒီလို ရေးသားဝေမျှတဲ့နေရာမှာ ..
ကျမ ဟာ သမီး ၂ယောက် ကို ရင်နဲ့ လွယ်ပြီးမွေးထားတဲ့ အမေတယောက် ရဲ့ ခံစားချက်ကိုသာ အရင်းခံပြီးရေးသားခဲ့တာဖြစ်ကြောင်း .. အသိပေးအပ်ပါတယ် ..

ကဲ .. စလိုက်ကြရအောင် ..

မေမြတ်နိုး ကို သူတို့ ရဲ့ စံချိန်စံညွှန်းတွေနဲ့ အသင့်တော်ဆုံးပါလို့ ယူဆပြီး ..
သရဖူ ကို ခေါင်းထက်မှာ ချီးမြှင့်ခဲ့တဲ့ ကိုရီးယား အဖွဲ့အစည်း က ..
မေမြတ်နိုး ဟာ သရဖူ ခေါင်းပေါ်မှာ ရောက်ပြီးမှ အဲဒီသရဖူနဲ့ မထိုက်တန်တော့လို့ပါ ဆိုပြီး သရဖူ ကို ပြန်လည် သိမ်းယူပါတယ် လို့ ကြေငြာခဲ့တာ ကို ..
မြန်မာပြည် တဝှမ်းလုံးသာမက .. ကမ္ဘာကပါ သိရှိထားပြီးဖြစ်ပါတယ် ..
သူတို့ ရေးထားတဲ့ ကြေငြာချက်ထဲမှာ ..
မေမြတ်နိုး သူတို့ တိုင်းပြည် ကို ရောက်ရောက်ခြင်းမှာ ..
မေမြတ်နိုးကို ဒီထက်မက လှပစေချင်တဲ့ စေတနာနဲ့ ..
ရင်သား နဲ့ နှာခေါင်း ကို ပလတ်စတစ်ဆာဂျရီ လုပ်ဖို့အတွက် ..
ဆေးရုံကိုပို့ ပေးခဲ့တယ် လို့ ပါရှိပါတယ် ..
ဒီလိုဆိုရင် ..
မေမြတ်နိုး ရဲ့ ရင်သားဟာ အစောကြီးတည်း က ပြုပြင်ဖို့လိုအပ်တယ် ထင်ရင် ..
ဒါဟာ စံချိန်စံညွှန်း နဲ့မကိုက်ညီဘူး လို့ ယူဆလို့ Crown ကို မပေးအပ်ခဲ့သင့်ပါဘူး ..
တခြား စံချိန်စံညွှန်း နဲ့ ကိုက်ညီ လှပတဲံရင်သားပိုင်ရှင်တွေ အများကြီး ရှိခဲ့မှာပါ ..့ 

နောက်တခု က မေမြတ်နိုး မိခင်ဖြစ်သူဟာ ..
တရားမဝင် ဗီဇာ နဲ့ လာရောက်ခဲ့တယ် လို့ လဲပါရှိပါတယ် ..

ကျမ စဉ်းစားမိတာလေး တခု က ..
ကျမ တို့ တခြားတိုင်းပြည်တွေကို အလည်အပတ်သွားရောက်တဲ့ အခါ ..
လျှောက်ထားကြတဲ့ visit visa ( တိုးရစ်စ် ဗီဇာပေါ့လေ ) တွေဟာ ..
နိုင်ငံအတော်များများ ဟာ အနည်း ဆုံး .. ၃ လ က နေ ၆ လ အထိရရှိကြပါတယ် ..
ကိုယ်သွားလည်ဖို့ ရည်ရွယ်ထားတာ .. ၃ ရက်ပဲဖြစ်ပစေဦးတော့ ..
ပျော်လို့ဆက်နေချင်တယ် ဆိုရင် ဗီဇာသက်တမ်း ကုန်ဆုံးတဲ့အထိနေခွင့်ရှိတယ် လို့ ..
ကျမ ကြားဖုးပါတယ် ..
တချို့ visit visa ၆ လ ရတဲ့ တိုင်းပြည်ကြီးတွေဆိုရင် Multiple re entry visa ပါ ပေးတာမို့ ..
အဲဒီနိုင်ငံအနီးတဝိုက်မှာ ရှိတဲ့ တိုင်းပြည်တွေကို သွားလည်လိုက် ..
အဲဒီနိုင်ငံကို ပြန်ဝင်လာလိုက် .. လုပ်လို့ ရပါတယ် ..
ကိုရီးယားနိုင်ငံ ဗီဇာဟာ Multiple entry visa မရဘူးပဲ ထား ..
အနည်းဆုံးတော့ အများသူငါနိုင်ငံတွေလိုပဲ ..
ရက်ပေါင်း ၉ ၀ တော့ visa ရမယ် ထင်ပါတယ် ..
ကျမ လဲ သွားရောက်လည်ပတ်ခဲ့ဖူးတာပဲလေ ..
ဒါလေး က တချက်ပါ ..
ဒါကလဲ ကျမ ရဲ့ မတတ်တခေါက် အသိတရားလေးနဲ့ တွေးကြည့် ပြီး ..
ထွက်ပေါ်လာတဲ့ အတွေးစလေး တစ ပါ ..

မေမြတ်နိုး အမေ တရားမဝင်ဗီဇာနဲ့ သွားခဲ့တယ် ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုချင်သလဲ ဆိုတာ .. ကျမ သိချင်လှပါတယ် ..
ဟုတ်ပါပြီ .. သူတို့ အဖွဲ့အစည်း က စပွန်ဆာလုပ်လို့ ..
သူတို့ ပေးတဲ့ စပယ်ရှယ် ဗီဇာနဲ့ သွားရတယ်ပဲ ထား ..
ကျမ ကိုယ်တိုင် မေမြတ်နိုး ရဲ့ မိခင်နေရာမှာ ဆိုရင်လဲ ..
ကိုယ့်ရင် က ဖြစ်တဲ့ ကိုယ့်သမီး ရဲ့ သဘာဝအလှကို .. အစားထိုးခွဲစိတ်ပြုပြင်ဖို့ ..
( ကိုယ် လက်ခံတာ လက်မခံတာ နောက်ထား )
ဆေးရုံ ကို ပို့ ပေးနေတဲ့ သူတွေရဲ့ လက်ထဲ .. ထားခဲ့ဖို့ မပြောနဲ့ ..
သမီးအနား က တဖဝါးမှ မခွာလိုတော့ပါဘူး ..
ကျမ ရထားတဲ့ သူတို့ ခွင့်ပြုထားတဲ့ ဗီဇာထက်ပိုပြီး လွတ်လွပ်ခွင့်ရှိတဲ့ Visit Visa ကို ကျမ သမီးနားမှာ နေချင်တာတခုတည်း နဲ့ ..
မရရတဲ့နည်း နဲ့ ကြိုးစားမိမှာပါ ..
သူ့ မိခင် .. ဟာ လူလိမ်ပါ လူညာ ပါ ဆိုတာ ..
အတိတ် က ဖြစ်ရပ်လဲ ဖြစ်နိုင်ပါတယ် ..
လက်ရှိမှာလဲ ဖြစ်နိုင်ပါတယ် ..
ဒါပေမဲ့ .. အမေ ရဲ့ အဲလိုအရိပ်ဆိုး ကို ..
သမီးလေး ကမ္ဘာပေါ်မှာ အောင်ပန်းဆင်နိုင်မှ ဆွဲထုတ်လာသင့်ပါသလား ..

မေမြတ်နိုး ဟာ အစ္စလာမ်ဘာသာဝင်ဖြစ်လျက်သားနဲ့ ..
ဗုဒ္ဓဘာသာ မြန်မာပါလို့ လိမ်လည်တယ် ထား ..
ဒါဟာ သူ နဲ့ သူကိုးကွယ်ယုံကြည်အထွတ်အမြတ်ထားရာ ဘုရား နဲ့ ..
သူ သေမှ ရှင်းပါလိမ့်မယ် ..
အစောကြီးတည်း က ဒီကလေးဟာ ဒီလိုဘာသာကိုးကွယ်တယ် လို့ သိရင် ..
ဒီလို ဘာသာခြားကိုကိုးကွယ်လို့ တိုင်းပြည်ဂုဏ်ကို မဆောင်သင့်ဘူး လို့ ထင်ရင် ..
အစတည်း က မပြုစု မပျိုးထောင်ပါနဲ့ ..
ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အားမပေးကြပါနဲ့ ပေါ့ ..
မြန်မာပြည်မှာမွေး .. လက်ရှိမြန်မာပြည်မှာနေနေတဲ့ကလေးတယောက်ဟာ ..
ဘာသာခြားတယောက်ဖြစ်နေတာတချက်တည်း နဲ့ တိုင်းပြည်ဂုဏ် ကို ဆောင်ခွင့် မရှိတော့ဘူး တဲ့လား ..

ဒါတွေ ဒီနေရာမှာ ရပ်ချင်ပါတယ် ..
မလိုလားအပ်တဲ့ ဘာသာရေး အငြင်းပွားမှုတွေကို ကျမ မဖြစ်စေချင်ပါဘူး ..

မေမြတ်နိုးဟာ မိုက်ရိုင်းတယ် .. ရိုသေလေးစားထိုက်တဲ့သူတွေကို လေးစားမှုမရှိဘူး ..
ဟုတ်ကဲ့ ..
ဒါဟာ မိသားစုအတွင်းရေးလို့ ကျမ က ထင်မြင်မိပါတယ် ..
ကိုယ့်သားသမီးတယောက် အဂါရဝတရားတွေ နဲ့ ပြည့်နှက်နေပြီဆိုရင် ..
အိမ်မှာ နာနာရိုက်ပြီး ဆုံးမနိုင်ပါတယ် ..
အပြင်မှာ ဆိုးသွမ်းခဲ့တယ် ဆိုရင် ..
အိမ်ကို အရောက်ပြန်ခေါ်လာပြီး ..
တမျိုးလုံး တဆွေလုံး တယောက်မကျန် ကြိုက်တဲ့အပြစ်ပေးလို့ရပါတယ် ..
ဒါပေမဲ့ .. မိသားစု ဆိုတဲ့ သွေးနီးမှုနဲ့ ..
" လက်သည်းဆိတ်ရင် လက်ထိပ်လေးတော့ နာသင့်တယ် " မဟုတ်ဘူးလားရှင် ..

crown ပြန်သိမ်းတဲ့ ကိစ္စ နဲ့ ကြေငြာချက်အပေါ် ..
ကမ္ဘာတဝှမ်းမှာရှိတဲ့ သဘာဝအလှဆိုတာကို တန်ဖိုးထားတတ်သူ .. နိုင်ငံခြားသားတွေကိုယ်တိုင် က အဲဒီ အဖွဲ့အစည်း ကို .. ဝိုင်းဝန်းအပြစ်တင်ရှုံချနေချိန်မှာ ..
ကျမ တို့ ရဲ့ သွေးသားရင်းခြာတွေဖြစ်တဲ့ မြန်မာတွေက ..
ကလေးရဲ့ အသက်အရွယ်နဲ့ မမျှ ..
သူ ကြိုးပမ်းအားထုတ်လာရတဲ့ ပေးဆပ်မှု နဲ့ မတန်လောက်အောင်
ရေးသားဆဲဆိုနေတာတွေ ကို တနေ့ တနေ့ ဖတ်နေရတဲ့ ကျမမှာ ..
ရင်ထဲ မချိအောင်ဖြစ်ရပါတယ် ..

တကယ်တော့ Miss ဝင်ပြိုင်တယ် ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး ..
ဘရာဇီယာကြိုးသေးသေး .. ဖင်ကြားညှပ်ဘောင်းဘီ ဝတ်ပြီး စင်ပေါ်တက်လျှောက်ရဲရုံနဲ့ လဲ ..
Crown တခု မရနိုင်ပါဘူး ..
နိုင်ငံတကာ က အသိပညာကြွယ်ဝသူတွေကြားမှာ ..
သူ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဟာ ..
သူ့ ဘက် က အားစိုက်မှု ..
သူ့ ကို ကူညီပံ့ပိုးတဲ့သူတွေရဲ့ အားပေးမှု စတဲ့ .. ရင်းနှီးပေးဆပ်မှုတွေ အများကြီးပါပါတယ် ..

ဟုတ်ကဲ့ ..
crystal စိန်လေးတွေ နဲ့ မွှန်းချယ်ထားတဲ့ Crown ဟာ ..
သူတို့ ပြောသလို ဒေါ်လာ တသိန်းတန်တယ်ပဲ ထားပါ ..
အဲဒီ crown ကြီးတခုလုံး ကို ခိုးသွားပါတယ် ဆိုတဲ့ အဓိပါယ်သက်ရောက်စေရအောင် .. ဘာလို့ ရေးသားခဲ့ရပါသလဲ ..
မေမြတ်နိုး သူတို့ နိုင်ငံက ထွက်ခွာခဲ့တဲ့ အချိန်မှာ ..
သူ့ ကို လိုက်ရှာလို့ မရနိင်တဲ့ တခြားနိုင်ငံရပ်ခြားကို ထွက်သွားခဲ့တာမှ မဟုတ်တာ ..
သူ့ နေအိမ်ရှိရာ .. သူ့ ဆွေမျိုးတွေရှိရာ ..
သူ့ သားချင်းတွေရှိရာ .. သူ့ အမိမြန်မာပြည် ကို ပဲ ပြန်လာခဲ့တာပါ ..

ဒဏ်ရာ ဒဏ်ချက်တွေ ရင်မှာပိုက်ပြီး ပြန်လာခဲ့ရတဲ့ ..
ဒီကလေးဟာ ..
ပြန်ရောက်ရောက်ချင်းမှာ ..
သမီးရေ ဘယ်လိုဖြစ်တာလဲ ဆိုတဲ့ မေးခွန်းတွေပဲ ပြည့် နှက်နေမဲ့ ဖုန်း call တွေကို ..
လက်ခံနိုင်စွမ်းရှိမယ် လို့ ထင်ပါသလား ..
ကျမ တို့ ဆိုရင်ရော .. သူ့ နေရာမှာ ဆို ဘယ်လိုခံစားနေရမယ် ထင်ပါသလဲ ..

ဒီ Crown ကြီး ကို ကျမ ဆီ က ဝယ်ကြပါရှင် လို့ လိုက်ရောင်းနေပြီ ဆိုရင်တော့ ..
ကျမ တို့ ကိုယ်တိုင် သူ့ ကို ဥပဒေအရ အရေးယူ ရဲလက် ကြတာရုံသာ ရှိတာပေါ့ ..

အဲဒီ ကိုရီးယားအဖွဲ့အစည်းဟာ ဘယ်လိုမျိုးလဲ ဆိုတာကို ..
ကျမလေ့လာဖတ်ရှုပြီးဖြစ်ပေမဲ့ ..
ကျမ နဲ့ သိပ်မဆိုင်လှတာမို့ ..
တဘက်ကလဲ .. ကိုယ်နဲ့ အဆင်မပြေမှ သူ့အားနည်းချက်တွေကို ..
ဆွဲထုတ်လာတတ်တဲ့ မိန်းမစားမျိုး မဟုတ်လို့ ..
ရေးမပြချင်တော့ပါဘူး ..

ကျမ အထူးမေတ္တာရပ်ခံချင်တာက ..
မေမြတ်နိုး ဆိုတာ ..
မြန်မာ ဆိုတဲ့ စလွယ်ကိုလွယ်ပြီး ..
နိုင်ငံတကာ က လူတွေနဲ့ရင်ဘောင်တန်းပြီး ..
နိုင်ငံတကာ အလယ် မှာ .. Crown ယူခဲ့တဲ့ ..
မြန်မာ အမျိုးသမီးငယ်လေး တယောက်ပါ ..
အသက်ငယ်ငယ်လေး နဲ့ .. သူ့ ဘဝ ကို ရှေ့ဆက်ပါစေဦး ..
ကိုယ့် ရဲ့ အပြောအဆို .. ဝေဖန်ကဲ့ရဲ့ မှု ..
ဆဲဆိုရေးသားမှုတွေ နဲ့ .. သူ့ ရဲ့ စိတ်ဓါတ်ကို ဆက်ပြီး မရိုက်ချိုးကြပါနဲ့ တော့ ..
သူ့ ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်ပါ ..
လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းကြပါဘူး ..
ခုချိန်ထိ မမှားသေးဘူး လို့ လက်ခမောင်းခတ်ရဲတယ် ပဲ ထား ..
နက်ဖြန်ဆိုတာ ကို ဘယ်သူမှ ကြိုမသိနိုင်တဲ့ ဒီလောကကြီးထဲမှာ ..
လက်သည်းဆိတ်ရင် လက်ထိပ်လေးတွေတော့ နာတတ်တယ် ဟဲ့ .. ဆိုတဲ့ စိတ်စေတနာလေး ထား လို့ …
မပြည့်ဝတဲ့ ပတ်ဝန်းကျင်မှာ ဒီကလေးလေး ကြီးပြင်းခဲ့ရတယ်လေ ဆိုတဲ့ ..
ဖြည်တွေးလေးတွေးလို့ ..
သူ့ ကို ခဏလောက် အသက်ရှုခွင့်ပေးလိုက်ကြရအောင်လား ရှင် ..

ကျမ သိပ်တဘက်သတ်ဆန်နေပြီလားရှင် ..
ဟုတ်ကဲ့ ဆန်တယ် ပြောလဲ ခံမှာပါ ..
ငယ်ငယ်လေးတည်း က ကာတွန်းကားတွေ ကြည့် ရင် ..
Tom n Jerry ကြည့် မိတိုင်း တခြား ကလေးတွေလို ..
Jerry ဆိုတဲ့ ကြွက်လေး အမြဲအနိုင်ရတိုင်း လက်ခမောင်းတီးရမဲ့အစား ..
အကောင်ကြီးပြီး အမြဲတမ်းရှုံးနိမ့်တတ်တဲ့ ကြောင်ကြီး Tom ကို စိတ်ထဲ က ကြိတ်အားပေးသနားနေတတ်တဲ့ .. သူ မို့ ပါ ..

ဒီလိုရေးလိုက်မိလို့ ..
ကျမ ကို ဆဲဆိုသွားလဲ .. ကျမ က ပြုံးနေပါဦးမယ် ..

ဒီလိုရေးလိုက်မိလို့ ..
ကိုရီးယားတိုင်းပြည် ကို ဒီတသက် က ကျမ လာခွင့်မရှိဘူးလို့ ပိတ်ပင်ခံရလဲ ..
ကျမ ပျော်ပျော်ကြီးခံယူပါမယ် ..

ကျမ က မြန်မာ ဆိုတာ ကို ..
ကမ္ဘာအလယ် မှာ မဖြစ်ဖြစ်အောင် မရမက လက်မထောင်ချင်တဲ့ ..
မြန်မာပြည် ကို သိပ်ချစ်တဲ့ ..
မြန်မာလူမျိုး ကို သိပ်မြတ်နိုးတဲ့ ..
လက်သည်းဆိတ်ရင် လက်ထိပ်လေးတွေသာ မ က ..
ရင်ဘတ်ထဲကပါ တစစ်စစ် နာတတ်တဲ့ ..
သားဆိုး သမီးဆိုး ကို အိမ်ထဲမှာသာ နောင်ကျဉ်အောင် ..
ကြိမ်လုံးနဲ့ ရိုက်လို့ တဆတ်ဆတ် ဆုံးမချင်တဲ့ ..
သမီးတွေ ရဲ့ မေမေ ..
မြန်မာအမျိုးသမီး စစ် စစ် တယောက် မို့ ပါ ..

ဟုတ်ကဲ့ ..
ကျမ သစ်သစ်မြင့်ဆိုင် ပါ ရှင် ..

( အမြင်မတူသူများ စိတ်ရှိသလို ဆဲဆိုသွားနိုင်ပါတယ် ..
ဆဲဆိုထားတဲ့ cmt တွေကိုလဲ ကျမ ဖျက်ပစ်မှာ မဟုတ်ပါဘူး ရှင် )

စာကြွင်း ..
မေမြတ်နိုး ကိုယ်တိုင် က လဲ ..
မှားခဲ့တယ် ဆိုရင်လဲ တောင်းပန်သင့်တဲ့သူတွေကို တရားဝင်တောင်းပန် ..
ရှင်းပြသင့်တာတွေကိုလဲ လူရှေ့ထွက်ရှင်းပြဖို့ အချိန်တန်ပြီ လို့ ..
အမ ထင်ပါတယ် သမီးရေ

 



.

4 comments :

  1. Anonymous said... :

    ကိုယ့်အမြင်နဲ့ကိုယ်ရေးတာသဘာဝကျပါတယ်...ဒါပေမဲ့...မေမြတ်နိုးနဲ့သူ့အမေ က ၁၀ ၇က် ခွင့်ပြုတဲ့ Visa ကို ရက် ၉၀ (၃လ) Visa ပြောင်းလျှောကပြီး...ဒီ ၃ လ အတွင်းကုန်ကျစရိတ်ကို sponsor က တာဝန်ယူပေးရမယ် ဆိုတာက ပထမအမှား၊မေမြတ်နိုးက crown ကို ပြန်သိမ်းတယ်ဆို တာသိရက်နဲ့ ပြန်မပေးဘဲယူလာတာ...ဒုတိယအမှားပါ။မေမြတ်နိုး က သူ့အမှား အခုထိဝန်မခံသေးတာတတိယအမှား....စာရေးသူ ဒေါ်သစ်သစ်မြင့်ဆိုင်သာ...မေမြတ်နိုးရဲ့အမေဖြစ်ခဲ့၇င်...ဘာဆက်လုပ်မလဲ?

  1. Anonymous said... :

    "သားဆိုး သမီးဆိုး ကို အိမ်ထဲမှာသာ နောင်ကျဉ်အောင် .. ကြိမ်လုံးနဲ့ ရိုက်လို့ တဆတ်ဆတ် ဆုံးမချင်တဲ့ .." ... "ဟုတ်ကဲ့ .. ကျမ သစ်သစ်မြင့်ဆိုင် ပါ ရှင် .. "

    "နောင် ကျဉ် အောင် ကြိမ် လုံး နဲ့ ရိုက် ပြီး ဆုံး မ တယ် " ဆို တဲ့ အ တွေး အ ခေါ် တွေ ပြောင်း သင့် ပါ ပြီ ။ ခ လေး တွေ ကို နား လည် အောင် သွန် သင် ဆုံး မ သင့် တာ ပါ ။ ရိုက် နှက် ဆုံး မ တယ် ဆို တာ မ တ ရား မူ ပါ ပဲ ။ အ ထိ ရောက် ဆုံး က တော့ ဆု ပေး ဒါဏ် ပေး စ နစ် ဖြစ် နိုင် ပါ တယ် ။ ဒါဏ် ပေး တာ ကိုယ် ထိ လက် ရောက် မ ကျူး လွန် ရင် ပြီး တာ ပါ ပဲ ။

  1. Anonymous said... :

    So Jarr Ma ... u sound like ur too much favor of Jarring lol .. I am Jarr king.. Call me anytime when u need it...For FREE.... 0973265475

  1. Anonymous said... :

    ပထမအတွက်​အ​ဖြေက​တော့ ကုန်​ကျစရိတ်​​တောင်းတယ်​ပဲထား တရားမဝင်​ဘူး၊သ​ဘောမတူဘူ ဘူးဆိုကမ​ပေးရုံသာရှိပါတယ်​။ crown သိမ်းရန်​မလိုပါ။
    ဒုတိယအတွက်​အ​ဖြေက ပြန်​သိမ်းဘို့​ကြေညာချိန်​က ပြန်​သွားပြီးမှ​ကြေညာတာဖြစ်​ တဲ့အတွက်​ မသိ​သေးတဲ့အ​ကြောင်းအတွက်​ မည်​သူမှ ကြိုလုပ်​နိုင်​ချင်းမရှိပါ။
    တတိယအတွက်​အ​ဖြေက မမှား​​သောအပြုအမူ အတွက်​ဝန်​ခံစရာ အ​ကြောင်းမရှိပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved