ဟောင်ကောင် ကျောင်းသားဆန္ဒပြပွဲ တရုတ်လုံထိန်းရဲတွေ ဖြိုခွဲ

Sunday, September 28, 2014

ဟောင်ကောင်မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို တရုတ်အစိုးရ လုံထိန်းရဲတွေ က ဖြိုခွဲပြီး ကျောင်းသား 
ခေါင်းဆောင်တွေအပါအဝင် လူ ၇၀ ကျော်ကို ဖမ်းဆီသွားပါတယ်။ 

 ဟောင်ကောင်တရုတ်လုံထိန်းရဲက ကျောင်းသားတွေကို ဖြိုခွဲနေစဉ်၊ ဓာတ်ပုံ- စီအန်အန်

သောကြာနေ့ ညပိုင်းက ကျောင်းသားတွေက ဟောင်ကောင်အစိုးရ ရုံး ၀န်းကို ဝင်ရောက်ဖို့ ကြိုးစားရင်း ရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး ရိုက်နှက်ခံရလို့ ကျောင်းသားတချို့လည်း ဒဏ်ရာရ တယ်လို့ ဟောင်ကောင် သတင်းတွေနဲ့ စီအန်အန်သတင်းက ဆိုပါတယ်။ 

ဟောင်ကောင် တာဝန်ရှိသူတွေ ပြောတာတော့ ဆန္ဒပြ ကျောင်းသား  ၃၄ ဦး ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၉ ဦးပါဝင်ပြီး ဆေးရုံမှာ ဒဏ်ရာတွေကို ကုသပေးနေတယ်လို့ စီအန်အန် သတင်းမှာ ရေးထားပါတယ်။  

တရုတ်လုံထိန်းရဲတွေရဲ့ ပထမ ဖမ်းဆီးမှုမှာ ကျောင်းသား ၁၃ ဦး ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် 
ကျောင်းသား ခေါင်းဆောင် Joshua Wong ဆိုသူ ပါဝင်တယ်လို့ သိရပါတယ်။ အသက် ၁၆ နှစ်က ၃၅ နှစ်ကြား အရွယ်တွေပါတဲ့။ ကျန်တဲ့ ဖမ်းဆီခံရတဲ့ လူပေါင်း ၆၀ ကျော်မှာ အသက် ၁၆ နှစ်ကနေ အသက် ၅၈ နှစ်အရွယ်တွေထိ ပါတယ်လို့ စီအန်အန်က ဆိုပါတယ်။ 

စနေနေ့မှာတော့ တရုတ်အစိုးရ လုံထိန်းရဲတွေဟာ ဆန္ဒပြ ကျောင်းသားတွေကို ငရုတ်ရည်တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ 

တက္ကသိုလ် ပေါင်း ၂ဝ ကျော်က ထောင်နဲ့ ချီတဲ့ ကျောင်းသားတွေ ဟာ ဒီမိုကရေစီနည်းကျ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်လိုပြီး တရုတ်အစိုးရဘက်ကတော့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးအဖြစ် ယှဉ်ပြိုင်မယ့် သူဟာ တရုတ်ဘက်က လိုလားသူသာဖြစ်စေချင်နေတာပါ။ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ အခုပေးဆိုတဲ့ ကြွေးကြော်သံတွေကတော့ တရုတ်တက္ကသိုလ်နဲ့ ဟောင်ကောင်မြို့လယ် ပန်းခြံမှာ ဘဝဂ်ညံနေ ခဲ့တာပါ။ 

အခုတော့ ရဲတွေက ဆန္ဒပြကျောင်းသားတွေကို ဝိုင်းရံပိတ်ဆို့ထားလိုက်ပြီး လာရောက်ပူးပေါင်းကြ သူတွေနဲ့ လည်း ကန့်သတ်ထားလိုက်ပါတယ်။ 

အခြေအနေကတော့ ကျောင်းသား ၇၀ ကျော် ဖမ်းဆီးခံခဲ့ရပေမယ့် ဆန္ဒပြမှုတွေနဲ့ တင်းမာမှုတွေ ရှိမယ့်အ လားအလာဘဲလို့ ဟောင်ကောင်ကျောင်းသား ခေါင်းဆောင်တခုကလည်း ရုပ်သံမီဒီယာ တခုနဲ့ တွေ့ဆုံခန်း မှာ ပြောထားပါတယ်။ 











အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved