ဗြိတိန် ၂ ဦး သေဆုံးမှု စစ်မေးခံရတဲ့ မြန်မာ ၃ ဦးကို ထိုင်းရဲ ပြန်လွှတ်ပေး

Wednesday, September 17, 2014

.

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရပ်ဌာနီ နယ်၊ Koh Tao ( လိပ်ကျွန်း) မှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွား ၂ ဦး သေ ဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရတဲ့ အဲဒီ ကျွန်းပေါ်က မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ကို ထိုင်းရဲက ပြန်လွှတ်ပေးလိုက်ပါပြီ။ 



မြန်မာအလုပ်သမားတန်းလျားကို ထိုင်းရဲများ လာရောက်စစ်ဆေးစဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အဲဒီကျွန်း ကမ်းခြေတနေရာမှာ ဗြိတိန်နိုင်ငံသားတွေဖြစ်တဲ့ ၂၄ နှစ်အရွယ်အမျိုးသား နဲ့  ၂၃ နှစ်အရွယ် အမျိုးသမီးတို့ရဲ့ အလောင်းတွေကို တနင်္လာနေ့ က တွေ့ရှိခဲ့ပါတယ်။ 

သူတို့ ၂ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ကို ခေါ်ယူစစ်မေးခံခဲ့ရ တာပါ။ 

အင်္ဂါနေ့ နေ့လယ်ပိုင်းတုန်းက လိပ်ကျွန်း Resort တခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေး လိုက်ပြီလို့ တောင်ပိုင်း ဒေသ ရဲမှူးကြီး Panya Maman က အေအက်ဖ်ပီသတင်းကို ပြောထားပါတယ်။ 

“သူတို့က အခင်းဖြစ်တဲ့နေရာနဲ့ တော်တော်ဝေးဝေးမှာ။ သူတို့ မဖြစ်နိုင်ဘူး” လို့ အဆိုပါ ရဲမှူးကြီးက ဆိုပါတယ်။

သူက ဆက်ပြောတာမှာတော့ အခု ပြန်လွှတ်ပေးလိုက်တဲ့ မြန်မာတွေရဲ့ DNA ကိုတော့ ယူထားလိုက်ပါတယ်တဲ့။ 



ဆက်စပ်
http://www.irrawaddy.org/asia/2-british-tourists-found-dead-beach-thailand.html




အိမ့်သံစဉ် ~








 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved