အလှမယ် နန်းခင်ဇေယျာက စင်္ကာပူမှာ လေးငါးရက်ကြာ သွားရောက် နေထိုင်ခဲ့ပါတယ်။
သူ့ဖေ့စ်ဘုတ်မှာ တင်ထားတဲ့ ပုံတွေ အရ ဆိုရင် စင်္ကာပူ ခရီးစဉ်အတွင်း ကြော်ငြာရိုက်ခဲ့၊ K Pop စတိတ်ရှိုး ကြည့်ခဲ့တယ်လို့ ယူဆရပါတယ်။
မြန်မာပြည်မှာ စီးပွားရေးကြော်ငြာတချို့ကို ပြည်ပထွက်ပြီး မြင်ကွင်းသစ် ရှုခင်းသစ်နဲ့ ရိုက်ကူးလေ့ ရှိပါတယ်။ K Pop စတိတ်ရှိုး ကတော့ ကြုံကြိုက်လို့ ကြည့်တာဖြစ်နိုင်ပါတယ်။ စတိတ်ရှိုးသွားတာ သူတယောက်တည်းတော့ မဟုတ်ပါဘူး၊ စင်္ကာပူရောက်နေတဲ့ တခြားသော အထင်ကရတချို့လည်း ပါဝင်နေတာ ဓာတ်ပုံထဲ တွေ့ရပါမယ်။
နန်းခင်ဇေယျာက ပုံတွေပဲ တင်ပြီး စာ မရေးသလောက်ပါပဲ။ သူ့ပုံတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
0 comments :
Post a Comment