ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန် ၂ ဦး သေဆုံးမှု နောက်ဆက်တွဲ

Monday, September 22, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီ နယ်၊ Koh Tao (လိပ်ကျွန်း) မှာ ဗြိတိန် ကမ္ဘာလှည့် ခရီးသွား ၂ ဦး သေဆုံးမှုနဲ့ ပတ်သက်၍ နောက်ဆုံး (DNA) မျိုးဗီဇ စစ်ဆေးချက်များအရ တရားခံများဟာ  အာရှတိုက်သားများ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သတင်း ထုတ်ပြန်လိုက်ပါတယ်။



မှုခင်းဖြစ်ပွားရာ အနီးနား တဝိုက်ရှိ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒေသခံအချို့၏ မျိုးဗီဇ များကို ထိုင်းအာဏာပိုင်များမှ ရယူနေစဉ် (ဓာတ်ပုံ - Reuters)

လူသတ်မှု တရားခံ သံသယ ရှိသူတွေ အဖြစ် လိပ်ကျွန်းပေါ် လာရောက် အလုပ် လုပ်နေကြသူတွေ၊ ထို အနီးတဝိုက် ငါးဖမ်းစက်လှေ လုပ်သားတွေနဲ့ နယ်မြေဒေသခံ အချို့ကိုပါ အဓိကထား လိုက်လံစောင့်ကြည့် စုံစမ်းနေပြီး မျိုးဗီဇ များကိုပါ ရယူလျက်ရှိကြောင်း သိရပါတယ်။

ထိုင်းအာဏာပိုင်များ အနေနဲ့ ယခု ခရီးသွား ၂ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးသွားမှာကို စိုးရိမ်သလို အမှုမှန် ပေါ်ပေါက်အောင်လည်း အမြန်ဆုံး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved