ထိုင်းအာဏာသိမ်းခေါင်းဆောင် မြန်မာပြည်လာမည်

Friday, September 12, 2014


 ~



ထိုင်းအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ် မြန်မာပြည်ကို အလည်အပတ် လာရောက်မယ်လို့ ထိုင်းအရာရှိတွေကို ကိုးကားပြီး သတင်းအေဂျင်စီတွေက သောကြာနေ့မှာ ရေးကြပါတယ်။

ဒီလကုန်ပိုင်း သို့မဟုတ် လာမယ့်လဆန်းပိုင်း ဖြစ်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ပြောကြောင်း AFP သတင်းတပုဒ်မှာ ရေးပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ကြီးချုပ်တာဝန်ယူပြီး သူ့ရဲ့ ပထမဆုံးသော ပြည်ပ ခရီးစဉ်အဖြစ် မြန်မာကို ရွေးချယ်ခဲ့ရခြင်းကတော့  မြန်မာဟာ အာဆီယံဥက္ကဋ္ဌတာဝန် ယူထားတဲ့အတွက်ပါလို့ ဆိုတယ်။
ဒါပြီးရင် မလေးကို သွားပါမယ် တဲ့။

ထိုင်းဗိုလ်ချုပ်တွေက မေလမှာ အာဏာသိမ်းပါတယ်။
သိပ်မကြာသေးခင်ကပဲ  အစိုးရအဖွဲ့ ဖွဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်က ဝန်ကြီးချုပ်အဖြစ် ပြိုင်ဘက်မရှိ အရွေးခံရတာ ဖြစ်ပါတယ်။

 ဆက်စပ်

ထိုင်းဝန်ကြီးချုပ် ပြုစားခံရ၊ ပရိတ်ရေလောင်းမိလို့ အအေးပတ်
http://blog.irrawaddy.org/2014/09/blog-post_64.html

Thai PM Likely to Choose Burma for First Trip Abroad  

http://www.irrawaddy.org/burma/thai-pm-likely-choose-burma-first-trip-abroad.html

၉ လပိုင်း၊ ၉ ရက်နေ့၊ မနက် ၉ နာရီမှာ ထိုင်းအစိုးရအဖွဲ့ စတင် ရုံးထိုင် 
http://blog.irrawaddy.org/2014/09/blog-post_44.html

ထိုင်း စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမွမ်း
 http://burma.irrawaddy.org/news/2014/07/04/61411.html

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved