ဥရောပ ရုပ်ရှင်ပွဲတော်မှာ ဘယ်လို ဇာတ်ကားတွေ ပြသမလဲ

Tuesday, September 23, 2014


ဥရောပ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ရန်ကုန်မြို့
နေပြည်တော် ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်လို ဆွတ်ဇာလန် သံရုံးမှ သတင်း ထုတ်ပြန် ထားတာဖြစ်ပါတယ်။



 ဥရောပ ရုပ်ရှင်ပွဲတော်ကို ကျင်းပလာခဲ့တာ အခုဆိုရင် ၂၃ ကြိမ်မြောက်  ဖြစ်ပါတယ်။ အခု ရုပ်ရှင်ပွဲတော် ကို ဆွတ်ဇာလန်၊  ပြင်သစ်၊ အစ္စရေး၊ အိုင်ယာလန် အစရှိတဲ့ သံရုံးတိုမှ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ 

ဥရောပ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ဇာတ်ကားတွေကတော့ အီတလီမှ Mine Vaganti၊ အင်္ဂလန်မှ Philomena ဇာတ်ကား၊ ပြင်သစ်မှ Camille Rewinds အစရှိတဲ့ နာမည်ကြီး ရသစုံ ဇာတ်ကားများကိုပြသ မှာဖြစ်ပြီး အစ္စရေး ရုပ်ရှင်ကား ၆ ကားလဲ ပါဝင်ပါတယ်။ စုစုပေါင်း ဥရောပ ဇာတ်ကားပေါင်း ၁၀ ကား ပြသမှာဖြစ်ပါတယ်။ 

လာမယ့် အော်စကာဆုပေးပွဲ မှာ ဆု စာရင်းဝင်ထားတဲ့ ဂျာမာန် ရုပ်ရှင်ကားဖြစ်တဲ့ Das Finstere Tal ကိုလဲ ပြသသွားမှာဖြစ်ပါတယ်။ 

အီတလီ၊ ပြင်သစ်၊ အိုင်ယာလန်၊ အင်္ဂလန်၊ဆွတ်ဇာလန် အစရှိတဲ့ ဥရောပ ၇ နိုင်ငံမှ ဇာတ်ကားများ ကိုပဲ   
ပြသမှာဖြစ်ပါတယ်။ 

The Screening Schedule For European Film Festival ဥရောပ ရုပ်ရှင်ပွဲတော် ၂၀၁၄မှာ ပြသ သွား မယ့်   ရုပ်ရှင်ကားအမည်နဲ့ အချိန်ဇယားဖြစ်ပါတယ်။ 






ဓာတ်ပုံ- Embassy of Switzerland in Myanmar

 
အိမ့်သံစဉ် ~
  

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved