ဆီးရီးယား IS စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုစတင်

Tuesday, September 23, 2014

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ 




အမေရိကန် တိုက်ခိုက်ရေး လေယာဉ်တချို့၊ ဓာတ်ပုံ- ibtimes.com

အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့ မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John Kirby ပြောဆိုတာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ 

 စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေတယ်လို့သာ ပြောသွားပြီး အသေးစိပ်ကိုတော့ သူက ပြောမထားပါဘူး။ 

အခုဆို အမေရိကန်သမ္မတ အိုဘားမား ပြောသွားခဲ့သလို အီရတ်နဲ့ ဆီးရီးယားတို့မှာ အခြေစိုက်လှုပ်ရှားနေတဲ့ IS အဖွဲ့တွေ ကို အပြတ်ချေမှုန်းမယ်လက္ခဏာတွေပါပဲ။ 

အမေရိကန်က အီရတ်မှာရှိတဲ့ IS စစ်သွေးကြွတွေကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက လေကြောင်း တိုက်ခိုက်မှု ၁၉၀ လောက်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ 

အစ္စလမ်မစ် နိုင်ငံတော် စစ်သွေးကြ ဂျီဟတ်အုပ်စုတွေဟာ ဆီးရီးယားနဲ့ အီရတ်ကြားမှာ တိုက်ခိုက်သိမ်းပိုက်မှုတွေတော် တော်များများ လုပ်ဆောင်ကာ အခြေစိုက်နေကြတာပါ။ 



အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved