ဟောင်ကောင်ကျွန်းပေါ်က ဒီမိုကရေစီလှိုင်းတံပိုးကြီးများ

Tuesday, September 30, 2014

ဟောင်ကောင်ကျွန်းပေါ်မှာတော့ ဒီမိုကရေစီလှိုင်းတံပိုးကြီးတွေ ဆက်တိုက် ရိုက်ခတ်နေပါပြီ။ 





ထောင်နဲ့ သောင်းနဲ့ ချီ တဲ့ ကျောင်းသား တွေ၊ ဟောင်ကောင်ကျွန်းသူ၊ ကျွန်းသာတွေဟာ ဒီမိုကရေစီ ရရှိရေး နဲ့ လက်ရှိ ဟောင်ကောင် ထိပ်တန်း အရာရှိ CY Leung   နုတ်ထွက် ပေးဖို့၊ ဒီမိုကရေစီနဲ့ ဒေသခံတွေ လိုလားတဲ့ ရွေးကောက်ပွဲ ကျင်းပရေး ဆန္ဒပြနေကြတာ ရက်နဲ့ချီ ရှိလာနေပါပြီ။ 

 မြို့လယ်ပိုင်းနဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာတော်တော်များများကို ဆန္ဒပြသူတွေက သိမ်းပိုက် ထားပြီး တရုတ် ပီကင်း အစိုးရကိုလည်း ကန့်ကွက်နေကြပါတယ်။ 

လာမယ့် ၂၀၁၇ ခုနှစ် မှာ ကျင်းပမယ့် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ဒေသခံတွေ လိုလားတဲ့ အချက်ကို တရုတ် ပီကင်းအစိုးရရဲ့ ပယ်ချလိုက်တဲ့အပေါ် မကျေနပ်မှုက စတင်လိုက်တဲ့ ဒီမိုကရေစီ 
တောင်းဆို ဆန္ဒပြမှုကြီးကို ကောင်းကင်ကနေ မှတ်တမ်းရိုက်ကူးထားတာကို မြင်ရသူတိုင်း အံ့သြမိကြပါလိမ့်မယ်။ ( အောက်မှာ ဗီဒီယိုကို ဖော်ပြထားပါတယ်၊ အင်တာနက် လိုင်းကောင်းသူများကတော့ ကြည့်လို့ ရနိုင်ပါလိမ့်မယ်)

ဟောင်ကောင်ဆန္ဒပြမှုတွေမှာ တရုတ်ရဲတွေက ငရုတ်ရည်တွေနဲ့ ပက်တာ၊ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲဖို့ ကြိုးစားမှု တွေကို ဆန္ဒပြသူတွေက အံတု ရင်ဆိုင်ကာ အခုလို ပိုမိုကြီးမား ကျယ်ပြန့်တဲ့ ဒီမိုကရေစီ
တောင်း ဆိုမှုကြီး ဆက်ဖြစ်လာနေတာပါ။ 

 ဗြိတိသျှ ကိုလိုနီလက်အောက်မှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရပြီး ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကျွန်းကို တရုတ်နိုင်ငံ ဆီ ပြန်လည် လွှဲပြီးနောက်ပိုင်း အကြီးမားဆုံး ဒီမိုကရေစီ လှုပ်ရှားမှုကြီးလည်း ဖြစ်ပါတယ်။ 

အခုလို ဟောင်ကောင်ကျွန်းသူ၊ ကျွန်းသားတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ထိုင်ဝမ်ကျွန်းက တရုတ်တွေကလည်း အား ပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေလည်း လုပ်ဆောင်လာနေပါတယ်။

  



အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved