တရုတ်၂ ဦးပြန်ပေးဆွဲမှုရုံးချိန်းကို မသွားတဲ့ တက္ကသိုလ်ကျောင်းသူ အဖမ်းခံရ

Tuesday, September 16, 2014


 ~


 

လက်ပံတောင်းတောင်ဒေသ တရုတ်အလုပ်သမား ၂ ဦးကို တရားမဝင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ တရားရုံးချိန်းတက်ရောက်ဖို့ ပျက်ကွက်တယ် ဆိုပြီး ဗကသ အဖွဲ့ဝင် လူငယ်တယောက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဖမ်းခံရပါတယ်။

သူကတော့ အသက် ၂ဝ အရွယ်   မဖြူနှင်းထွေး ဖြစ်ပါတယ်လို့ ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ http://www.irrawaddy.org/burma/police-detain-student-activist-allege-involvement-chinese-workers-kidnapping.html မှာပါ။

သူ့ကို ပြန်လွှတ်ပေးဖို့ ဗကသ အဖွဲ့က တောင်းဆိုထားပါတယ်။

ရတနာပုံတက္ကသိုလ် အဝေးသင်ကျောင်းသူ  မဖြူနှင်းထွေးက လက်ပံတောင်းဒေသခံတွေကို ကူညီနေတဲ့သူဖြစ်တယ်လို့ ဗကသ အထက်ဗမာပြည် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က ပြောပါတယ်။

လက်ပံတောင်းဒေသ ဆည်တည်ရွာ အထက်တန်းကျောင်းသူကျောင်းသားတွေကို စာသင်ပေးနေသူဖြစ်တယ်၊ တရုတ် ၂ ဦးနဲ့ ဖြစ်ခဲ့တဲ့အမှုမှာ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မူရင်း



Police Detain Student Activist, Allege Involvement in Chinese Workers’ Kidnapping

http://www.irrawaddy.org/burma/police-detain-student-activist-allege-involvement-chinese-workers-kidnapping.html

ဆက်စပ်

 လက်ပံတောင်း၌ တရုတ် ၀န်ထမ်း နှစ်ဦး ဖမ်းဆီးမှုအပေါ် တင်းမာမှု ဆက်ဖြစ်နေ
http://burma.irrawaddy.org/news/2014/05/19/59133.html

လက်ပံတောင်း ကျိန်စာ
http://burma.irrawaddy.org/cartoon/2014/02/28/55609.html

လက်ပံတောင်း တနှစ်ပြည့် ရန်ကုန်တွင် တရုတ်အလံ မီးရှို့ဆန္ဒပြ
http://burma.irrawaddy.org/news/2013/11/29/51591.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved