တရုတ်အကြမ်းဖက်သမားတွေ IS အဖွဲ့နဲ့ ချိတ်နေပြီလို့ အစိုးရမီဒီယာ ရေးသား

Tuesday, September 23, 2014


 ~


 
တရုတ်နိုင်ငံအနောက်ပိုင်း Xinjiang ဒေသ စစ်သွေးကြွတွေဟာ IS အဖွဲ့ဆီမှာ "အကြမ်းဖက်တိုက်ခိုက်မှုသင်တန်း" တက်ဖို့ တိုင်းပြည်ကနေ ထွက်ခွာသွားကြကြောင်း တရုတ်အစိုးရမီဒီယာက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။



  • Xinjiang ဒေသ ဘူတာရုံတခုမှာ ပေါက်ကွဲမှုဖြစ်ပွားအပြီး လုံခြုံရေးယူနေတဲ့ ရဲတဦး 
  • (Photo: Reuters)

အဲဒီလူတွေဟာ လူနည်းစု Uighur  မူဆလင်တွေဖြစ်ကြောင်း ဧရာဝတီသတင်းတပုဒ်ဖြစ်တဲ့  Chinese Militants Get Islamic State ‘Terrorist Training’: Media မှာ ရေးထားပါတယ်။
http://www.irrawaddy.org/asia/chinese-militants-get-islamic-state-terrorist-training-media.html မှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။

သတင်းကို ကောက်နုတ် ဖော်ပြရရင်... သူတို့နဲ့ ဆီးရီးယား၊ အီရတ်ဘက်မှာ နယ်မြေအများအပြားထိန်းချုပ်ထားတဲ့ IS အဖွဲ့တို့ ဆက်စပ်မှုရှိကြောင်း အစိုးရမီဒီယာက ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

 Xinjiang ဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့လက်ချက်ဖြစ်ကြောင်း တရုတ်အစိုးရက အပြစ်တင်ထားပါတယ်။
အဲဒီ စစ်သွေးကြွတွေဟာ East Turkestan ဆိုပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ရေးအတွက် တိုက်ခိုက်နေကြတာဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

"အကြမ်းဖက်တိုက်ခိုက်ရေးနည်းလမ်းတွေအတွက် သင်တန်း တက်ရုံတင် မကပါဘူး၊
တရုတ်နိုင်ငံတွင်း အကြမ်းဖက်လုပ်ငန်းတွေ တိုးမြင့်လုပ်ကိုင်ရာမှာ အကူအညီရရှိဖို့အတွက် တကယ့် တိုက်ပွဲတွေ ဖော်ဆောင်ပြီးတော့    နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ ချိတ်ဆက်မှု ပိုလုပ်ချင်ကြသူတွေပါ" လို့ Global Times က အကြမ်းဖက်မှုတိုက်ဖျက်ရေးသမား ဆိုသူကို ကိုးကား ရေးထားပါတယ်။

အဲဒီလူတွေဟာ ဆီးရီးယား၊ အီရတ်ဘက်က  IS အဖွဲ့ရဲ့  လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေရုံ တောင်အာရှဌာနခွဲတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သူတို့ထဲက ၄ ယောက်ကို အင်ဒိုနီးရှားမှာ ဒီလထဲ ဖမ်းမိတယ်လို့ ဆိုတယ်။
အင်ဒိုရဲတပ်ဖွဲ့ကလည်း နိုင်ငံခြားသား ၄ ဦးကို စစ်ဆေးနေတယ်လို့ ပြောထားပါတယ် - ဘယ်သူတွေ ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။

အဲဒီ ၄ ယောက်က တရုတ်ကနေ ကမ္ဘောဒီးယားကို ကူးတယ်။ ပြီးတော့ ထိုင်းဘက်ကို ဆက်ကူးတယ်။ ထိုင်းမှာ တူရကီပတ်စ်ပို့အတုကိုင်ပြီး အင်ဒိုနီးရှားဘက်ကို ဆက်လက် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မူရင်း

Chinese Militants Get Islamic State ‘Terrorist Training’: Media
http://www.irrawaddy.org/asia/chinese-militants-get-islamic-state-terrorist-training-media.html

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved