၂၆ နှစ်ပြည့် NLD မွေးနေ့နဲ့ ပြည်မြို့ဘိုးဘွားရိပ်သာ

Saturday, September 27, 2014


 ~




 

            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တည်ထောင်တာ ၂၆ နှစ် ပြည့်ပါပြီ။

၂၆ နှစ်ပြည့်မွေးနေ့ကို နိုင်ငံနဲ့တဝှမ်း မြို့ကြီးတွေမှာ အခန်းအနားတွေ ကျင်းပနေပါတယ်။

  ပြည်မြို့မှာလည်း NLD က  သီရိခေတ္တရာ ဘိုးဘွားရိပ်သာက ဘိုးဘွား (၄၅) ဦးရဲ့ ကျန်းမာရေးအတွက် စစ်ဆေးမှုတွေနဲ့ ဆေးဝါးတွေကို  ကုသိုလ်ဖြစ် လှူဒါန်းကြတာ တွေ့ရပါတယ်။

  ဘိုးဘွားရိပ်သာ အတွင်းရှိ  ခြုံနွယ်ပိတ်ပေါင်း အမှိုက်သရိုက်တွေကိုလည်း ရှင်းလင်းပြီး ကုသိုလ်ပြုခဲ့ကြပါတယ်။

ဒီလို ကောင်းမှုကုသိုလ် ဆိုတာကလည်း ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလမှာ NLD က  လုပ်ခွင့်ရခဲ့တာ မဟုတ်ပါ။

စစ်အစိုးရလက်ထက်အတွင်း NLD ပါတီဝင်တွေ အများအပြား  နှစ်ရှည်လများ ထောင်ချခံခဲ့ရတာ၊
NLD နဲ့ ပတ်သက်မိရင် အစိုးရက ဒုက္ခပေးတာကို နိုင်ငံအနှံ့ တွေ့ခဲ့ရပါတယ်။

အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပေမဲ့ NLD အနေနဲ့ ၂၆ တိုင်အောင် ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း ပြည်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ဧရာဝတီကို ပြောပါတယ်။

“ကျနော်ကိုယ်တိုင်ရောကျနော်လူတွေပါ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွှန့်တို့ရဲ့ နှိပ်စက်မှုတွေ အများကြီး ခံခဲ့ရတယ်။
ပါတီရုံးဆိုင်းဘုတ်ကို မတရားဖြုတ်ချခံခဲ့ရတယ်။
ပါတီဝင်တွေကို မတရားနှုတ်ထွက်ခိုင်းခဲ့တာ။ ကျနော်တို့ကို မတရား ဖမ်းဆီးထောင်ချခဲ့ကြတယ်”

အစိုးရ အသွင်ပြောင်းလာချိန်မှာတော့ အသက်ရှူချောင်လာပြီလို့ သူက ဆိုပါတယ်။

“အခုချိန်ဦးသိန်းစိန်လက်ထက်မှာတော့ liberalization နည်းနည်းလေးတော့ ဖြေလျော့လာတယ်။
 ဒါပေမဲ့ ဒီမိုကရေစီကတော့ မပီသသေးဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ ရအောင် ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ပဲ ကြိုးစားသွားပါ့မယ်”

မြို့နယ်အတွင်း ပါတီဝင်ဦးရေ တသောင်းကျော်ရှိကြောင်း သိရပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်  လွှတ်တော်ကိုယ်စားလှယ်ကို  ရွေးချယ်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကနေ့ သီရိခေတ္တရာ ဘိုးဘွားရိပ်သာမှာ သူတို့ ပြုလုပ်တဲ့  ကျန်းမာရေးစောင့်ရှောက်မှု ကုသိုလ်ပြုခြင်း မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

ကောင်းမြတ်မင်း

 








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved