ကျိုက်ထီးရိုးအလှူခံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပါက တိုင်ကြားနိုင်

Wednesday, October 15, 2014



.




    


 အလှူခံခြင်းကို မသိကျိုးကျွံပြုပါက  “ဆင်နင်းမည်၊ ကျားဆွဲမည်” စသဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ကြုံတွေ့ရပြီး၊ ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်သည် ယင်းသို့သော အလှူခံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်  ဖြစ်နေကြောင်း ဘုရားဖူးများထံမှ သိရသည်။


  • (ဓာတ်ပုံများ - မြတ်စုမွန်/ဧရာဝတီ)
 
မွန်ပြည်နယ် ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးဘုရား တောင်ပေါ်တွင် အတင်းအဓမ္မ အလှူခံခြင်းများကြောင့် ဘုရားဖူး ပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ပါက ရင်ပြင်တော်ရှိ ဂေါပကရုံးသို့ တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ဂေါပက အတွင်းရေးမှူး ဦးသိန်းမြင့်က ပြောကြားခဲ့သည်။

 
ကျိုက်ထီးရိုးတောင်ပေါ်ရှိ အလှူခံဌာနများသည် ဘုရားဖူး ပြည်သူများအား အတင်းအကျပ် အလှူခံခြင်းမပြုလုပ်ရန် အပါအ၀င်   စည်းကမ်းချက်ပေါင်း ၂၀ ကို လိုက်နာရမည်ဖြစ်သည်။

အဆိုပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက လက်ရှိဧရိယာအတွင်း နေထိုင်ခွင့် ရရှိတော့မည် မဟုတ် ကြောင်း ဂေါပက အတွင်းရေးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။

ထိုစည်းကမ်းချက် ဆိုင်းဘုတ်များကို အလှူခံ ဌာနတိုင်းတွင် ချိတ်ဆွဲထားသည်ဟု ဂေါပကအတွင်းရေးမှူး က ဆိုသော်လည်း ယနေ့တိုင် ထိုဆိုင်းဘုတ်ကို လူမြင်ကွင်းများတွင် မတွေ့ရှိခဲ့ပေ။

ကန်ထရိုက်ရရှိထားသူတို့၏ အတင်းအကျပ် အလှူခံခြင်းများကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့သော ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာတွင် နေထိုင်သူ ဘုရားဖူး ဒေါ်တင်တင်ခိုင်မှ “ကျီးပါးစပ်နဲ့ ပတ်သက်ပြီး လှူဒါန်းရတာ စိတ်မချမ်းသာဘူး” ဟု ပြောကြားသည်။

 အလှူခံခြင်းကို မသိကျိုးကျွံပြုပါက  “ဆင်နင်းမည်၊ ကျားဆွဲမည်” စသဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ကြုံတွေ့ရပြီး၊ ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်သည် ယင်းသို့သော အလှူခံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်  ဖြစ်နေကြောင်း ဘုရားဖူးများထံမှ သိရသည်။

အလှူခံဌာနများကို လေလံစနစ်ပေးထားပြီး တနှစ်လျင် ၁၀ ရာခိုင်နှုန်း ဂေါပကသို့ပေးသွင်း၍ ကျန်ငွေများကို ပေးသွင်းရန်မလိုကြောင်း စေတီတော် ရင်ပြင်ပေါ်ရှိ ဂေါပကရုံး အတွင်းရေးမှူး ဦးသိန်းမြင့်ထံမှ သတင်းရရှိ သည်။

ထို့ပြင် တနှစ်တာကာလပတ်လုံး အလှူခံ ရငွေများထဲမှ ကျပ် ၅ သိန်းခွဲအား ဘုရားကြီး၏ ဂေါပကရုံးသို့ ပေးသွင်းရပြီး၊ ကျန်ငွေများကို မိမိတို့ရရှိသည်ဟု ကျိုက်ထီးရိုး ရင်ပြင်တော်သို့ မရောက်မီ လမ်းခုလပ် ကြားစခန်း တခုဖြစ်သည့် ရသေ့တောင် အလှူခံဌာနချုပ်မှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးသောင်းမြင့်က ပြောသည်။

ဘုရားဖူး ပြည်သူများ အလှူခံဌာနများနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ပါက ကျိုက်ထီးရိုး ရင်ပြင်တော် ဂေါပကရုံးအဖွဲ့ဌာန ဖုန်း-၀၉ ၄၂၅ ၂၉၄ ၇၉၅၊  ၀၉ ၈၇၂၃ ၁၉၆၊  ၀၉ ၈၇၂၃ ၁၉၈ များသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်၏ ဘုရားဖူး ခရီးစဉ် ကာလသည်  သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ အထိ တနှစ်လျှင် ၇ လတာ ဖွင့်လှစ်သည်။ 

 
ကျိုက်ထိုသူ ရေးသားသည်။



ကျိုက်ထီးရိုးဘုရားဖူးများနှင့် အလှူခံတချို့





.

1 comments :

  1. Anonymous said... :

    ဘုရားး ရေ စီးပွားသောင်းကျန်ပုံများ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved