ဇော်ပိုင်၊ Rဇာနည် တို့ရဲ့ သီချင်းည

Tuesday, October 14, 2014



.


 

အထင်ကရ ပေါ့ပ်အဆိုတော် ဇော်ပိုင်၊ Rဇာနည် တို့ရဲ့ ရန်ကုန်မြို့ စင်မြင့်ဖျော်ဖြေပွဲ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ)


သောကြာနေ့ညပိုင်း ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ဒီအစီအစဉ်အတွက်  တီးဝိုင်းကတော့ The Trees Music Band ပါပဲ။

ပရိတ်သတ်များအတွက် မဲဖောက်ပေးခဲ့တဲ့ ပစ္စည်းတွေထဲမှာ  အဆိုတော်နှစ်ယောက်လက်မှတ်ထိုးထားတဲ့ ဂစ်တာတလက်လည်း ပါဝင်ပါတယ်။

ဇော်ပိုင်၊ Rဇာနည် တို့ရဲ့ ကလေးတွေက စင်ပေါ်တက်လာပြီး ပရိသတ်များကို ကျေးဇူးစကားဆိုခဲ့ကြတာလည်း တွေ့ရပါတယ်။

တယောက်နဲ့တယောက်ခင်မင်ကြတဲ့သူငယ်ချင်း အဆိုတော် ၂ ယောက်ရဲ့ ပရိသတ်အများအပြား တက်ရောက်ခဲ့တဲ့၊ သီချင်းတွေ တပျော်တပါး လိုက်ဆိုခဲ့ကြတဲ့ ဂီတပွဲ ဖြစ်ပါတယ်။











.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved