ရန်ကုန်၏သက်တမ်းအရင့်ဆုံးဘုရားကျောင်းနှင့် အပြာရောင်ကမ္ဗည်းပြား

Wednesday, October 1, 2014


 ~



ရန်ကုန်မြို့ဘာသာရေးအဆောက်အအုံများအတွက် ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြားကို ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းရှိ  အာမေးနီးယန်းဘုရားကျောင်းတွင်  ဗုဒ္ဓဟူးနေ့က တပ်ဆင်သည့် အခမ်းအနားသို့ ရန်ကုန်တွင် ရောက်နေသည့်   အာမေးနီးယန်းဂိုဏ်းချုပ်ဆရာတော်ကြီး Karekin II လည်း တက်ရောက်ခဲ့သည်။

 


  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)



အာမေးနီးယန်း တမန်တော်များ ဘုရားကျောင်းတွင်  တပ်ဆင်လိုက်သည့် ရန်ကုန်မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြားတွင် "ရန်ကုန်မြို့တွင် သက်တမ်းအရင့်ဆုံး

ကျန်ရှိသော ခရစ်ယာန်ဘုရားကျောင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၇ ရာစု ကတည်းက အခြေချနေထိုင်ခဲ့ကြသော အာမေးနီးယန်း လူမျိုးများက တည်ဆောက်ခဲ့သည်" ဟု ရေးသားထားသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက "ရန်ကုန်မြို့ရဲ့ သမိုင်းဝင် မြို့လယ်မှာရှိတဲ့ ဘာသာပေါင်းစုံအဆောက်အအုံတွေ အတူတကွ တည်ရှိနေတာမျိုး ကမ္ဘာပေါ်က တခြားနေရာ တွေမှာ မတွေ့နိုင်သလောက်ပါပဲ။
အဲဒီအချက်က မြန်မာ့အမွေအနှစ်တင်မဟုတ်ဘဲ ကမ္ဘာ့အမွေအနှစ်အဖြစ်ပါ ကာကွယ် ထိန်းသိမ်းရမယ့်အချက်ဖြစ်ပါတယ်" ဟု ပြောသည်။


  • ရန်ကုန် နှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ သတင်းတချို့


ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း
http://burma.irrawaddy.org/article/2014/05/16/58979.html
ရန်ကုန်မြို့ဟောင်း နယ်နိမိတ် ဒေသကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းမည်
http://burma.irrawaddy.org/news/2013/10/09/49301.html
ကန့်ကွက်ခံရသည့် နန်းသီတာ ဆိပ်ကမ်း စီမံကိန်း ပြန်လည် ညှိနှိုင်းမည်
http://burma.irrawaddy.org/business/2013/11/26/51437.html
 



 
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved