ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူများရဲ့ ပူးပေါင်း စစ်ဆင်ရေး အဖွဲ့ဟာ ထိုင်းနိုင်ငံတွင်းသို့ ချင်းရိုင်နယ်စပ်မှ တဆင့် တင်သွင်းမယ့် ဘိန်းဖြူ ၂၃၂ ကီလိုဂရမ်ကို သိမ်းဆီးရမိတယ်လို့ ဘန်ကောက်ပို့စ်သတင်း က ဖော်ပြပါတယ်။
မြန်မာစစ်သားတွေနဲ့ ထိုင်း မူးရစ်ထိန်းချုပ်ရေး ရဲတွေက ထိုင်းနိုင်ငံ ချင်ရိုင်နယ် မယ်ဆိုင်ခရိုင်နဲ့ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ မိုင်းဆတ်-တာချီလိတ် ကားလမ်းမှာ ကားနံပတ် SHN 9D/7559 နဲ့ ကုန်အပြည့်တင်လာ တဲ့ ထရပ်ကား အဖြူ တစီးကို ရပ်တန့်ရှာဖွေတာမှာ အံဝှက်လုပ်သယ်ဆောင်လာတဲ့ ၂၃၂ ကီလိုဂရမ်ရှိတဲ့ ဘိန်းဖြူထုတ် ၆၅၅ ထုတ် ကို သိမ်းဆီးမိတာလို့ ဆိုပါတယ်။
အဲဒီ ကားလမ်းဟာ “၀” နဲ့ မူဆာ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့နေရာမှာ အဓိက ချိတ်ဆက်ထားတဲ့ လမ်းလည်း ဖြစ်ပါတယ်။
ဟီးနိုး ၁၀ ဘီးထရပ်ကားဟာ တာချိလိတ်မြို့ကို ဦးတည်မောင်းနှင်လာတာဖြစ်ပြီး အဲဒီကနေတဆင့် ထိုင်းနိုင်ငံကို ဆက်လက်သွားမယ့် ကားဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
အခုထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေဟာ ကာလ တန်ဘိုး ထိုင်းဘတ်ငွေ သန်း ၇၀ နီးပါး ( မြန်မာ ငွေကျပ် သိန်း ၂၁၀၀ဝ ၀န်းကျင်) တန်ဘိုးရှိတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်မှာရေးထားပါတယ်။
မြန်မာစစ်သားတွေက ထရပ်ပေါ်က ခရီးသွား အမျိုးသား ၃ ဦးဖြစ်ကို ဖမ်းဆီးထားလိုက်တယ်လို့ ဆိုပါ တယ်။
သူတို့ ၃ ဦး ကတော့ ရှမ်းပြည်နယ် မိုင်းဆတ်မြို့က အသက် ၄၀ အရွယ် အိုက်တန်၊
တာချီလိတ်မြို့က အသက် ၄၂ နှစ်ရှိတဲ့ ၀ စစ်သား ယူနီဖောင်း ၀တ်ဆင်ထားသူ အေးလွီနဲ့
ရှမ်းပြည်နယ် ၀ ဒေသ၊ ပန်ဆန်းမြို့ က အသက် ၂၂ နှစ်အရွယ် အိုက်ဆု တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နဲ့ အတူ ထရပ်ကားပေါ်က ပစ္စတို ၂ လက်၊ လက်နက်ငယ် ၁ လက်နဲ့ M79 လောင်ချာ တလက် တို့ကိုလည်း တာဝန်ရှိသူတွေက သိမ်းဆီးရမိတယ်လို့ သိရပါတယ်။
အိမ့်သံစဉ် ~

0 comments :
Post a Comment