ဟောင်ကောင်ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲကြားက ချစ်ရေးဆိုမှု

Monday, October 6, 2014

ဟောင်ကောင်ကျွန်းပေါ်မှာ ဒီမိုကရေစီ လှိုင်းတံပိုးတွေကြားထဲက ထူးခြားတဲ့ နှလုံးသားရေး ကိစ္စ တခုပါ။ 

 ဓာတ်ပုံ- သစထရတ်တိုင်းမ်

လူပေါင်း သောင်းနဲ့ချီတဲ့ ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲကြီးမှာ လူငယ် စုံတွဲတတွဲလည်း ပူးပေါင်းပါ ဝင်ခဲ့ တာ မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ဆန္ဒပြ လူအုပ်ကြားထဲမှာ ထူးခြားတဲ့ အခြေအနေတခုကို လူငယ် အမျိုးသားလေးက ဖန်တီး ရ ယူလိုက်ပုံက ကမ္ဘာ့သတင်းတွေမှာ တအံ့တသြဖြစ်သွားရတာပါ။ 

အသက် ၂၂ အရွယ် မစ္စတာ Yau Chi Hang ဟာ သူ့ချစ်သူ အသက် ၂၁ နှစ်အရွယ် Crystal Chan ရဲ့ ရှေ့ ဒူးထောက် ထိုင် ချကာ ချစ်သူမိန်းကလေးထံ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ 

ဒီမိုကရေစီ လိုလားဆန္ဒပြသူများရဲ့ အလယ် လူငယ် လေးရဲ့ ချစ်သူထံ လက်ထပ်ခွင့်တောင်းဆိုပြီး မိုးကာ အိင်္ကျီ ဝတ်ထားတဲ့ သူ့ချစ်သူ ခရစ္စတယ်ချန်းက လက်ခံလိုက်တဲ့ အခါ လူအများကြားမှာပဲ တဦးကို တဦး ပွေ့ဖက်ကာ အနမ်းမိုးတွေ ရွာသွန်းခဲ့ပါတယ်။ 



 ဘေးပတ်ဝန်းကျင်က ဒီမိုကရေစီ ဆန္ဒပြသူတွေကလည်း ကင်မရာတဖြတ်ဖြတ်၊ ဖုန်းတွေ တဝေ့ဝေ့နဲ့ သူတို့ရဲ့ ထူးခြားတဲ့ ချစ်ရေးဆိုမှုကို အားပေးထောက်ခံသံတွေ ဆူညံသွားတယ်လို့ သစထရိတ်တိုင်းမ် သတင်းက ဖော်ပြပါတယ်။ 

 ပြီးတော့ သူတို့ စုံတွဲဟာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဆင်းပေး ဆင်းပေး လို့ အော်ဟစ်ခဲ့ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပူးပေါင်းလှုပ်ရှားမှုကြီး အောင်မြင်ရမည် လို့ ကြွေးကြော်တဲ့အကြောင်း သတင်းတွေက ဆိုပါ တယ်။ 

 နောက်ပြီး အဲဒီ စုံတွဲဟာ သူတို့ရဲ့ နောင်မျိုးဆက်သစ်တွေလက်ထက်မှာ ဒီလို လမ်းမတွေပိတ်ကာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမျိုး မရှိ၊ မကြုံစေရဘူးလို့လည်း ပြောသွားကြပါသတဲ့။ 


အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved